COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် လယ်ဝေးမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် အဆိုပါဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် အလှူရှင် ပန်လေးမေမေ ကုမ္ပဏီလီမိတက်မှ ဆေးရုံအတွက်ဏဏန ဝတ်စုံ ၈၀၊ နှာခေါင်းစည်းအခု ၃၀၀၀၊ Hand Gel 500 ml ဘူး ၅၀၊ Face Shield အခု ၁၅၀၊ အပူချိန်တိုင်း ကိရိယာ နှစ်ခု၊ Swab Box တစ်ခုနှင့် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ဗွီနိုင်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဖြူဖြူဝင်းတို့က လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။ အဆိုပါလှူဒါန်းခဲ့သည့် ပစ္စည်းများကိုလယ်ဝေးမြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(မြဝတီ)