ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၅

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မုန်း၊ ကျောင်းစု၊ ကျွန်းပင်ဆိပ်နှင့် ညောင်ပင်သာ ပြည်သူ့စစ် (ဌာနေ)ဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက ကျောက်ကြီးတပ်နယ်ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက် တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက် ပေးကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် နယ်မြေခံ ဆေးကုသရေးအဖွဲ့က ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။