တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၃၁
    
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံပညာကျောင်းများအား ခေတ္တပိတ်ထားလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အတိုင်းအတာတစ်ခုအထိ ကျဆင်းလာပြီဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ်တစ်နှစ် နစ်နာမှုမရှိစေရေးအတွက် အခြေခံပညာကျောင်း များအား စက်တင်ဘာ ၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ရာ ကျောင်းများ ဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင် ရေးအတွက် တပ်မတော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင် မှုများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်နှင့် ကော့သောင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းများ၏ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းဝန်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ခိုအောင်း နိုင်သော နေရာများ၌ ခြင်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။