အကြမ်းဖက်သမားများ၏ ပြည်သူလူထုကို ဦးတည်၍ ပစ်မှတ်ထားတိုက်ခိုက်နေမှု ကို ရှုံ့ချကြောင်း OMNI FOCUS ကုမ္ပဏီမှ ထုတ်ပြန်

အကြမ်းဖက်သမားများ၏ ပြည်သူလူထုကို ဦးတည်၍ ပစ်မှတ်ထားတိုက်ခိုက်နေမှု ကို ရှုံ့ချကြောင်း OMNI FOCUS ကုမ္ပဏီမှ ထုတ်ပြန်

နေပြည်တော်၊ အောက်တိုဘာ - ၃၁

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်၍ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် အကြမ်းဖက်လုပ်ရပ်မျိုးစုံဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန်  ဦးတည်လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆင်မလိုက်အဝေးပြေး မှတ်တိုင်အနီး၌ YBS ယာဉ်တစ်စီး အား PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားတစ်ဦးက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကာ ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရ သည်။ 

PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခင်ကလည်း ယခုကဲ့သို့ အများ ပြည်သူစီးနင်းလိုက်ပါလျက်ရှိသော ပုဂ္ဂလိက ယာဉ်လိုင်းများကို မိုင်းထောင်တိုက် ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းသို့ အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်ခဲ့မှုအပေါ် သက်ဆိုင်ရာ ကုမ္ပဏီမှ အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုကို  ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ခရီးသွားပြည်သူ များ၏ အသက်ဘေးနှင့် လုံခြုံရေးကို အချိန်မီ ကူညီဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီ မှ တာဝန်သိဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြု ကြောင်းကို ဖော်ပြပါအတိုင်း ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။