တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကချင်ပြည်နယ် ရိုးရာလက်ဝှေ့အဖွဲ့များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ သြဂုတ် - ၅

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပြီး သွားလာမှု ကန့်သတ်ချက်များရှိလာသဖြင့် ကချင်ပြည်နယ် ရိုးရာ လက်ဝှေ့အဖွဲ့များ စားသောက်ရေး အဆင်ပြေစေရန် အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ဆီ၊ ဆား၊ပဲ ရိက္ခာ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ ရိုးရာလက်ဝှေ့အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကချင်ပြည်နယ် ရိုးရာ လက်ဝှေ့ အဖွဲ့များအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ထိုသို့ပေးအပ်ရာတွင် ရိက္ခာအမယ် ၄ မျိုးဖြစ်သည့် ဆန် ၃၈၄ ပြည်၊ ဆီ ၆၄ ပိဿာ၊ ဆား ၆၄ ပိဿာ၊ ပဲ ၃၂ ပိဿာ၊ ကြက်ဥ ၉၆၀ လုံး၊ Hand Gel 32 ဘူး၊ Mask ၃၂၀ ခုတို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။