ဆန်၊ စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ ဆန်ဈေး တွေငြိမ်နေပေမယ့် ဧရာဝတီတိုင်းဒေသကြီး မှာတော့ ဆန်ဈေးတွေ ဆက်တိုက်တက် နေပါတယ်။ ဆန်လက်ကျန်နည်းတဲ့အပြင် ဆန်စက် ပိုင်ရှင်တွေက အဝယ်များတဲ့အတွက် ဈေးတက်နေတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ဆန်ကြိုတင်ဝယ်ယူသိုလှောင် ကြတာတွေကြောင့်လည်း ဈေးတက်နေတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်ပေါ်ဆန်းစပါးတင်း ၁၀၀ ကို ငွေကျပ် ၇၈၈၀၀၀ ရှိပြီး ငွေကျပ် ၁၃၀၀၀၊ ဆန်တစ်အိတ်ကို ငွေကျပ် ၃၇၀၀၀ ရှိပြီး ငွေကျပ် ၁၀၀၀ ဈေးတက် လာပါတယ်။ ပုသိမ်ဧည့်မထစပါးတင်း ၁၀၀ ကို ငွေကျပ် ၆၄၄၀၀၀ ရှိပြီး ငွေကျပ် ၃၆၀၀၀၊ ဆန် တစ်အိတ်ကို ငွေကျပ် ၂၇၀၀၀ ရှိပြီး ငွေကျပ် ၁၀၀၀ ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးတင်း ၁၀၀ ကို ငွေကျပ် ၇၆၂၀၀၀ ရှိပြီး ငွေကျပ် ၉၀၀၀ ဈေးတက် လာပါတယ်။ ဆန်တစ်အိတ်ကို ငွေကျပ် ၃၈၅၀၀ ရှိပြီး ငွေကျပ် ၅၀၀ ဈေးတက်လာပါတယ်။ မြောင်းမြ ဧည့်မထစပါးတင်း ၁၀၀ ကို ငွေကျပ် ၆၉၅၀၀၀ ရှိပြီး ငွေကျပ် ၁၄၀၀၀ ဈေး တက်လာပါတယ်။ ဆန်တစ်အိတ်ကို ငွေကျပ် ၂၇၀၀၀ ရှိပြီး ငွေကျပ် ၁၀၀၀ ဈေးတက် လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါး တင်း ၁၀၀ ကို ငွေကျပ် ၈၃၃၀၀၀ ရှိပြီး ငွေကျပ် ၂၆၀၀၀ ဈေးတက် လာပါတယ်။ ဆန်တစ်အိတ်ကို ငွေကျပ် ၃၆၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။ ဒေးဒရဲ ဧည့်မထစပါး တင်း ၁၀၀ ကို ငွေကျပ် ၆၂၅၀၀၀ ရှိပြီး ငွေကျပ် ၃၅၀၀၀၊ ဆန်တစ်အိတ်ကို ငွေကျပ် ၂၅၀၀၀ ရှိပြီး ငွေကျပ် ၅၀၀ ဈေးတက်လာပါတယ်။ ဖျာပုံပေါ်ဆန်းစပါးတင်း ၁၀၀ ကို ငွေကျပ် ၈၁၃၀၀၀ ရှိပြီး ငွေကျပ် ၈၀၀၀ ဈေးတက်လာပါတယ်။ ဆန်တစ်အိတ်ကို ငွေကျပ် ၃၆၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ ဖျာပုံဧည့်မထစပါး တင်း ၁၀၀ ကို ငွေကျပ် ၆၈၀၀၀၀ ရှိပြီး ငွေကျပ် ၄၀၀၀၀၊ ဆန် တစ်အိတ်ကို ငွေကျပ် ၂၇၀၀၀ ရှိပြီး ငွေကျပ် ၅၀၀ ဈေးတက် လာပါတယ်။
မတ်ပဲ
ဒီတစ်ပတ်မှာ မတ်ပဲက ပုံမှန်အရောင်း အဝယ်ရှိပေမယ့် ဈေးကျဆင်းသွားပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းကြောင့် မတ်ပဲဈေး ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲတစ်တန်ကို ငွေကျပ် ၉၁၄၀၀၀ ရှိပြီး ငွေကျပ် ၃၅၀၀၀ လောက် ဈေးကျဆင်းသွား ပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲသုံးတင်းဝင် တစ်အိတ်ကိုငွေကျပ် ၉၀၀၀၀ ကနေ ၉၂၀၀၀ ကြားရှိပြီး ငွေကျပ် ၃၀၀၀ ဈေး ကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ဒီတစ်ပတ်မှာပဲစင်းငုံနီလည်း ဈေးကျဆင်းသွားပါတယ်။ စက်တင်ဘာလမှာ ပဲစင်းငုံနီ ဈေးတက်နိုင်မယ်လို့ သုံးသပ်ကြပေမယ့် ပြည်တွင်းငွေလဲလှယ်နှုန်းကြောင့် ဈေးကျဆင်းသွား တယ်လို့ဆိုပါတယ်။ ဒါ့ပြင် ဈေးလျှော့ဝယ်ယူမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ပြည်တွင်းမှာ ပဲစင်းငုံနီလက်ကျန် တန်ချိန်တစ်သိန်းလောက်ပဲ ကျန်ရှိတဲ့အတွက် ကုန်သည် တွေက အတက်ဈေးကို မျှော်လင့်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ငွေကျပ် ၈၀၂၅၀၀ ရှိပြီး ငွေကျပ် ၁၅၀၀၀ ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီသုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၇၅၀၀၀ ရှိပြီး ငွေကျပ် ၂၀၀၀ ဈေးကျဆင်းသွားပါ တယ်။
ပဲတီစိမ်း
ဒီတစ်ပတ်မှာ ပဲတီစိမ်းဈေးတက်လာပါတယ်။ တရုတ်နိုင်ငံရဲ့ ပုံမှန်ဝယ်ယူမှုတွေကြောင့် ဈေးအများကြီးကျဆင်းသွားတာ မျိုးမရှိပါဘူး။ အရည်အသွေးပေါ်မှာ ဈေးဖြတ်တာဖြစ်တဲ့ အတွက် အရည်အသွေး မကောင်းရင် ဈေးကျဆင်းသွားမှာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်းဈေးငြိမ်နေပါတယ်။ ပဲတီစိမ်း (ခရမ်းရွှေဝါ၊ ပခုက္ကူ၊ ပဲခူးရွှေဝါ) တစ်ပိဿာကို ငွေကျပ် ၁၈၈၀ ကနေ ၂၁၇၀ ကြားရှိပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ကြီး) သုံးတင်း ဝင်တစ်အိတ်ကို ငွေကျပ် ၁၁၀၀၀၀ ကနေ ၁၁၉၀၀၀ ကြားရှိပြီး ငွေကျပ် ၈၀၀၀ ဈေးတက် လာပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းတစ်တင်းကို ငွေကျပ် ၃၆၀၀၀ ကနေ ၃၇၀၀၀ ကြားရှိပြီး ငွေကျပ် ၁၀၀၀ ဈေးတက်လာ ပါတယ်။
ဗိုလ်ကိတ်ပဲ
ဗိုလ်ကိတ်ပဲက ပြီးခဲ့တဲ့လကတည်းက တဖြည်းဖြည်း ဈေးတက်လာတာဖြစ်ပါတယ်။ ပစ္စည်း လက်ကျန်နည်းတဲ့အတွက် ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဗိုလ်ကိတ်ပဲ တစ်ပိဿာကို ငွေကျပ် ၁၆၆၅ ကျပ်ကနေ ၁၇၅၀ ကြားရှိပြီး ငွေကျပ် ၈၀ ဈေးတက် လာပါတယ်။
ပဲလွမ်းပြာ
ဒီတစ်ပတ်မှာ ပဲလွမ်းပြာဈေးတက် လာပါတယ်။ အိန္ဒိယနိုင်ငံက ဝယ်ယူမှု အနည်းငယ်ရှိတဲ့ အတွက် ဈေးတက်လာ တာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ပဲလွမ်းပြာ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၁၀၀၀၀၀ ရှိပြီး ငွေကျပ် ၅၀၀၀ ဈေးတက်လာပါတယ်။
ထောပတ်ပဲ
ဒီတစ်ပတ်မှာ ထောပတ်ပဲဈေးကျဆင်း သွားပါတယ်။ ပြီးခဲ့တဲ့လကတည်းက ဈေးကွက် အတွင်း ဈေးငြိမ်နေတာဖြစ်ပါတယ်။ ဈေးကွက်ထဲ အဝင်သိပ်မရှိသလို အဝယ် လည်းမရှိတဲ့ အတွက် ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထောပတ်ပဲ တစ်ပိဿာကို ငွေကျပ် ၁၀၀၅ ကျပ်ကနေ ၁၀၃၀ ကြားရှိပြီး ငွေကျပ် ၃၀ ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ ထောပတ်ပဲ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၅၀၀၀၀ ကနေ ၅၂၀၀၀ ကြားရှိပြီး ငွေကျပ် ၁၅၀၀ ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ပြီးခဲ့တဲ့တစ်ပတ်အထိ တဖြည်းဖြည်း ဈေးနှုန်းကျဆင်းနေခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ် ဈေးကွက်ထဲကို အဝင်နည်းတဲ့အတွက် ဈေးတက်လာပါတယ်။ COVID-19 ရောဂါအခြေအနေ ကြောင့် တင်ပို့မှု လျော့နည်းသွားတဲ့အတွက် ဈေးတက်လာ တာဖြစ်ပါတယ်။ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တစ်ရက် ကို ကြက်သွန်နီကားအစီးရေ ၃၀ လောက်ပဲ ဝင်ရောက်မှုရှိပါတယ်။ ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၄၀၀ ကနေ ၄၇၅ ကျပ်ကြားရှိပြီး ငွေကျပ် ၂၅ ကျပ် ဈေးတက်လာပါတယ်။
အာလူး
ဒီတစ်ပတ်မှာ အာလူးဈေးကျဆင်းသွား ပါတယ်။ ဈေးကွက်ထဲကို အဝင်များလာတဲ့အတွက် ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း) တစ်ပိဿာကို ငွေကျပ် ၃၅၀ ကနေ ၇၅၀ ကြားရှိပြီး ငွေကျပ် ၅၀ ဈေးကျဆင်း သွားပါတယ်။
ဝတ်ရည်မွန်(AMIA)