စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

၁။    စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ပေး/တင်သွင်းခြင်းကို ၁၅-၉-၂၀၂၀ ရက်နေ့တွင် နောက်ဆုံးထုတ်ယူ/တင်သွင်းရန် ကြော်ငြာထားရှိခဲ့သော်လည်း ယခုအခါ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေများအရ ဗိုလ်လောင်းဝင်ခွင့်အရည်အချင်းစစ်ရေးဖြေ စာမေးပွဲများ ကျင်းပနိုင်ခြင်းမရှိသေးသဖြင့် ဗိုလ်လောင်းလျှောက်လွှာထုတ်ပေး/တင်သွင်းခြင်းကိုလည်း ၃၀-၉-၂၀၂၀ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ် များတွင် ဗိုလ်လောင်းလျှောက်လွှာများ ဆက်လက်ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက် နိုင်ကြောင်း ပြင်ဆင် အသိပေးအကြောင်းကြားအပ်ပါသည်။

၂။    စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့်နေရာတို့အား သင့်လျော်သည့်နေ့ရက်တွင် မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီ၊ ရတနာပုံသတင်းစာများ၊ မြဝတီရုပ်မြင်သံကြား၊ Myawady Webportal နှင့် Myanmar National Portal တို့တွင် ကြိုတင်ကြော်ငြာပေးသွားမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)