အာဟာရပြည့်ဝသော သက်သတ်လွတ်သမား ဖြစ်စေမည့် မှန်ကန်သော စားသောက်နည်း ပုံစံလေးများ

အာဟာရပြည့်ဝသော သက်သတ်လွတ်သမား ဖြစ်စေမည့် မှန်ကန်သော စားသောက်နည်း ပုံစံလေးများ

သက်သတ်လွတ်စားခြင်းဆိုသည်မှာ အမဲ၊ ကြက်၊ ဝက်၊ ငါး စသည့်သားငါးများ နှင့်   ကြက်ဥ၊  ဘဲဥ၊ နွားနို့၊ ပျားရည် စသည့်   တိရစ္ဆာန်ထွက်ပစ္စည်းများကို စားသုံးခြင်းမှ  ရှောင်ကြဉ်ခြင်းဖြစ်သည်။ သက်သတ်လွတ်စားသုံးနည်း အမျိုးမျိုးရှိသည်။ ၎င်းတို့မှာ-

အလျဉ်းသင့်သလို  သို့မဟုတ် တစ်ထိုင် သက်သတ်လွတ်စားခြင်း

အင်္ဂလိပ်လို Flexitarians (semivegetarians)) ဟုခေါ်သည်။  များသောအားဖြင့် တိရစ္ဆာန်ထွက်ပစ္စည်းများ စားသုံးခြင်းမှ ရှောင်ရှားကြသော်လည်း  ရံဖန်ရံခါ ငါး သို့မဟုတ် အသားတို့ကို စားသုံးခြင်းဖြစ်သည်။

ခြေနှစ်ချောင်း၊ ခြေလေးချောင်းရှောင်ခြင်း

အင်္ဂလိပ်လို Pesci-vegetarians ဟု ခေါ်သည်။ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ စသည့် ဥအမျိုးမျိုးနှင့်   နို့ထွက်ပစ္စည်းများကို စားသုံးကြသော်လည်း အမဲ၊ ဆိတ်၊ ဝက် စသည့် ခြေလေးချောင်းအသားနှင့် ကြက်၊ ဘဲ၊ ငှက် စသည့်ခြေနှစ်ချောင်းအသား တို့ကို မစားခြင်းဖြစ်သည်။

အသားလွတ်၍ အသွေးမလွတ်ခြင်း

အင်္ဂလိပ်လို Lacto-ovo vegetarians  ဟုခေါ်သည်။ ခြေလေးချောင်းသား၊ ခြေနှစ်ချောင်းသားနှင့် ငါးတို့ကို   ရှောင်သော်လည်း ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများကို စားခြင်းဖြစ်သည်။    lacto      ၏ အဓိပ္ပာယ်မှာ နို့ထွက်ပစ္စည်းများဖြစ်၍ သလသ ၏ အဓိပ္ပာယ်မှာ ဥအမျိုးမျိုးတို့ဖြစ်သည်။ သက်သတ်လွတ် သမားအများစုက  ဤနည်းအတိုင်း စားသုံးလေ့ရှိသည်။

အသက် သတ်လွတ်ခြင်း

အင်္ဂလိပ်လို  Lacto  vegetarians  ဟုခေါ်သည်။ ခြေလေးချောင်းသား၊ ခြေနှစ်ချောင်းသားနှင့် ဥအမျိုးမျိုးတို့ကို ရှောင်၍ နို့နှင့် နို့ထွက်ပစ္စည်းကိုသာ  စားခြင်းဖြစ်သည်။

အသားလွတ်ခြင်း

အင်္ဂလိပ်လို Ovo vegetarians   ဟုခေါ်သည်။ ခြေလေးချောင်းသား၊ ခြေနှစ်ချောင်းသား၊ ငါး၊ ပုစွန်နှင့် နို့ထွက်ပစ္စည်းတို့ကိုရှောင်၍ ဥအမျိုးမျိုးတို့ကိုသာ စားသုံးခြင်းဖြစ်သည်။

အသွေးအသားနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို လွတ်ခြင်း

အင်္ဂလိပ်လို  Vegans  ဟုခေါ်သည်။ ခြေလေးချောင်းသား၊ ခြေနှစ်ချောင်းသား၊ ငါး၊ ပုစွန်၊ ဥအမျိုးမျိုး၊ နို့အပါအဝင် နို့ထွက်ပစ္စည်းအားလုံးနှင့် ပျားရည်တို့ကို စားသုံးခြင်းမ ှရှောင်ခြင်းဖြစ်သည်။  တချို့သော Vegans သမားများက  ပိုးသား(silk)၊ သားရေ(leather)၊ သားမွေး(woolူ) စတဲ့ တိရစ္ဆာန်တို့၏ အရေခွံများ ဝတ်ဆင်ခြင်းမှ ရှောင်ရှားကြသည့်အပြင် တိရစ္ဆာန်၏ အသွေး၊ အသား၊ အဆီနှင့် ပြုလုပ်ဖော်စပ်ထားသော လိုးရှင်းအပါအဝင် အလှကုန်ပစ္စည်းများကို  လုံးဝအသုံးပြုလေ့ မရှိပေ။ 

လူတွေဘာကြောင့် သက်သတ်လွတ် စားကြသလဲ

သဘာဝတိရစ္ဆာန် အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုခြင်း၊ တိရစ္ဆာန်များအပေါ် သနားငဲ့ညှာခြင်း၊ ကျန်းမာရေး၊ ဘာသာရေး   စသည်ဖြင့်အကြောင်းအမျိုးမျိုးကြောင့် လူတွေသက်သတ်လွတ် စားကြသည်။

သက်သတ်လွတ်စားခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပါရဲ့လား

သက်သတ်လွတ်စားခြင်းကြောင့် နှလုံးသွေးကြောနှင့်  နှလုံးရောဂါအမျိုးမျိုး၊ ဆီးချိုရောဂါအမှတ်-၂၊ ကင်ဆာရောဂါများ စသည်တို့ ဖြစ်နိုင်ခြေ အလားအလာကို   လျှော့ချပေးနိုင်သည်။  သို့သော် သက်သတ်လွတ်စားသည့်အခါ အာဟာရဓာတ်များ  ညီညွတ်မျှတမှု ရရှိစေရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော   အာဟာရဓာတ်များကို တိရစ္ဆာန် သို့မဟုတ်   တိရစ္ဆာန်ထွက်ပစ္စည်း တစ်မျိုးမျိုးကို  စားသုံးရုံမျှဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ  အလုံအလောက် ရရှိနိုင်မည်ဖြစ်သော်လည်း၊ ဟင်းသီးဟင်းရွက်များကိုမူ တစ်မျိုး၊ နှစ်မျိုးမက ပေါင်းစပ်၍ စားပေးနိုင်မှသာလျှင် ထိုအာဟာရဓာတ်တွေကို  တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ  ရရှိနိုင်မှာဖြစ်သည်။ ဥပမာ အနီရောင်ခြေလေးချောင်းအသား နှင့်  ၎င်းတိရစ္ဆာန်ထွက်ပစ္စည်းများကို မစားကြသော  သက်သတ်လွတ်သမားများ အတွက်   ၎င်းအသားစားသုံးခြင်းဖြင့် ညီမျှသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲသီးအမျိုးမျိုး၊ အစေ့အဆန်များ၊  ပဲပိစပ်၊ သလေးဆန်၊  ကောက်ညှင်း၊  လူး၊ ဂျုံ၊ ပြောင်း၊ မုယော၊ ဘာလီ၊  ဆပ်စသည့် ကောက်နှံအမျိုးမျိုး  အားလုံးကိုမျှတစွာ စားသုံးပေးဖို့လိုအပ်သည်။ အထူးသဖြင့် Vegansခေါ် အသွေးအသားလွတ် စားသူများသည် ၎င်းတို့စားသောက်မည့် အစားအစာ ဟင်းလျာများထဲတွင် ပရိုတင်း၊ သံဓာတ်၊ ကယ်လ်စီယမ်၊  ဗီတာမင်ဒီ၊ ဗီတာမင်ဘီ-၁၂ နှင့် အိုမီဂါ-၃  ဖက်တီးအက်စစ်များ မဖြစ်မနေ ပါရှိသင့်သည်။

အာဟာရပြုဓာတ်များ

ကျန်းမာကြံ့ခိုင်သော လူတစ်ယောက် ဖြစ်စေရန်အတွက်   အောက်ဖော်ပြပါ ဗီတာမင်နှင့် သတ္တုဓာတ်များ အချိုးမျှတစွာ လိုအပ်နေသည်။

ကစီဓာတ် ကစီဓာတ်က လူကိုခွန်အားဖြစ်စေပြီး ဗီတာမင်ဓာတ်များက ဦးနှောက်နှင့် ကြွက်သားများကို  အထောက်အပံ့ ဖြစ်စေသည်။ အထူးသဖြင့်  ကောက်နှံအမျိုးမျိုးတို့က ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော ကစီဓာတ်၊  အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တွေကို ထောက်ပံ့ပေးနိုင်သည်။ ထို့ကြောင့်  သက်သတ်လွတ်စားသူများက   ဆန်လုံးညို၊   ဂျုံ၊ ကွေကာအုပ်၊ အာလူး၊  ပြောင်းတို့ကို မဖြစ်မနေ စားသုံးပေးသင့်သည်။

အဆီဓာတ် ခန္ဓာကိုယ်ကြီး တောင့်တင်း ကြံ့ခိုင်စေရန်အတွက် အဆီဓာတ် လိုအပ်သည်။ အဆီဓာတ်က ခန္ဓာကိုယ်အတွက် အရေးပါသော   ဖက်တီးအက်စစ်ကို ထောက်ပံ့ပေးနိုင်ပြီး အစားအစာတွေထဲမှာပါရှိသော ဗီတာမင်ဓာတ်များကို ခန္ဓာကိုယ်မှ သဘာဝအလျောက် စုပ်ယူနိုင်ရန်  ကူညီပေးနိုင်ပါသည်။   ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်များကို  အစေ့အဆန်မှရရှိသော အဆီနှင့် ထောပတ်သီး တို့မှ ကောင်းစွာရရှိနိုင်သည်။

ပရိုတင်း  ကြွက်သားများ ကြီးထွားဖို့ အတွက်  ပရိုတင်းလိုအပ်သည်။ သက်သတ်လွတ်စားသုံးသူများ  သတိထားရန်မှာ အနီရောင်    ခြေလေးချောင်းသားများ ရှောင်ခြင်းကြောင့် ပရိုတင်းအာဟာရချို့တဲ့မှု မဖြစ်စေရန် ပရိုတင်းဓာတ်ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများကို ဖြည့်စွက်စာအဖြစ် စားပေးဖို့လိုအပ်သည်။ ပဲနီလေးအပါအဝင် ပဲစေ့အမျိုးမျိုး၊ မြေထောက်ပဲ၊ ဗာဒံစေ့၊ နေကြာစေ့၊ တိုဟူး၊ ပဲပြား၊ ပဲနို့ရည်၊ ပဲသီး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊ ကြက်ဥ၊ ဘဲဥ၊ ဥအမျိုးမျိုးတို့ကို စားပေးသင့်သည်။

ဇင့်သတ္တုဓာတ်များ  ကိုယ်ခံစွမ်းအားစနစ် တိုးတက်ကောင်းမွန်စေရန်အတွက် ဇင့်ဓာတ်က အရေးကြီးသည်။ ကောက်နှံအမျိုးမျိုး၊ အစေ့အဆန်များနှင့် ပဲပိစပ်တို့မှ ဇင့်ဓာတ်ကို ရရှိနိုင်သည်။

သံဓာတ် သံဓာတ်ကို အစိမ်းရောင်

ပဲသီးနှင့် ပဲစေ့များ၊ အခွံမာသီး အစေ့အဆန်များ၊ ပဲပိစပ်၊ တိုဟူး၊  ဟင်းနုနယ်ကဲ့သို့  အစိမ်းရင့်ရောင်အရွက်များ၊   တရုတ်ဆီးသီးခြောက်၊ သဖန်းသီး၊  ကတွတ်သီး၊ ဆီးချိုသီးတို့မှရရှိနိုင်သည်။  သို့သော် အပင်မှရရှိသော သံဓာတ်သည် တိရစ္ဆာန်မှရရှိသော သံဓာတ်များလောက် စုပ်ယူမှု အားမကောင်းလှပေ။ ထို့ကြောင့် သက်သတ်လွတ်သမားများအတွက်   အစားအစာထဲတွင် ပါဝင်သော သံဓာတ်များကို  ခန္ဓာကိုယ်မှ စုပ်ယူမှုအားကောင်းစေရန်အတွက် ဗီတာမင်စီြ<ွကယ်ဝသော  ခရမ်းချဉ်သီး အပါအဝင်  ချဉ်သောသစ်သီးများနှင့် တွဲဖက်၍ စားသုံးပေးရန်  အထူးလိုအပ်သည်။

ကယ်လ်စီယမ် အရိုးများ သန်မာစေရန်   ကယ်လ်စီယမ်လိုအပ်သည်။    နို့အမျိုးမျိုး၊ ဒိန်ချဉ်၊ ချိစ်တို့မှ ကယ်လ်စီယမ်ကို ရရှိနိုင်မည်ဖြစ်သော်လည်း Ovo vegetarians  ခေါ် နို့အပါအဝင်  အသားလွတ်ရှောင်သူများ အနေဖြင့်  ကယ်လ်စီယမ်ဓာတ်ကြွယ်ဝသော ပန်းဂေါ်ဖီစိမ်း၊ အနက်ရောင်ပဲစေ့များ၊ အဖြူရောင်ပဲစေ့များ၊ ပဲပိစပ်၊ တိုဟူး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို စားပေးရန်လိုအပ်သည်။ သို့သော် အပင်မှရရှိသော ကယ်လ်စီယမ်ဓာတ်များက တိရစ္ဆာန်ထွက်နို့မှ ရရှိသော သံဓာတ်များ လောက် အားမပြည့်နိုင်ပေ။  ထို့ကြောင့် သက်သတ်လွတ်သမားများက ခေူခငကာ-်သမအင်ငနိ  ခေါ် ကယ်လ်စီယမ်ဓာတ်ကို တစ်ဖက်တစ်လမ်းမှ အားဖြည့်ပေးနိုင်သော အစားအစာများဖြစ်ကြသည့် ပဲနို့ရည်၊ ဆန်နို့ရည်၊ သံပရာရည်၊ ကွေကာအုပ်၊ ကောက်နှံများကို ဖြည့်စွက်စားပေးသင့်သည်။

ဗီတာမင်ဒီ အစားအစာထဲတွင် ပါရှိသော ကယ်လ်စီယမ်များ စုပ်ယူမှုအားကောင်းပြီး အရိုးများ သန်မာစေရန်အတွက် ဗီတာမင်ဒီက အရေးပါသည်။ ပဲပိစပ်အပါအဝင် ပဲနို့ရည်များ၊ လိမ္မော်ရည်၊  ငါးဥအမျိုးမျိုး၊ ငါးကြီးဆီ၊ ကြက်ဥအနှစ်တို့မှ ဗီတာမင်ဒီ ရရှိနိုင်သည်။ အထူးသဖြင့် နံနက်ပိုင်း ၁၅ မိနစ်ခန့် နေပူဆာလှုံခြင်းမှလည်း ဗီတာမင်ဒီကို  ရရှိနိုင်သည်။ အကယ်၍ နေပူဆာမလှုံဖြစ်သူများ အနေဖြင့် လိုအပ်ပါက  ဗီတာမင်ဒီအားဆေးကို ဖြည့်စွက်သောက်ပေးသင့်သည်။ 

ဗီတာမင်ဘီ-၁၂ ဦးနှောက်နှင့် အာရုံကြောစနစ်များ ကောင်းမွန်ရန်အတွက် ဗီတာမင်ဘီ-၁၂ လိုအပ်သည်။ လနါညျေ မဟုတ်သော သက်သတ်လွတ်သမားများအတွက် နွားနို့နှင့် ကြက်ဥ၊ ဘဲဥများ စားသုံး၍ ဗီတာမင်ဘီ-၁၂ ကို ရရှိနိုင်မည်ဖြစ်သော်လည်း အသွေးလွတ်သောသူများအတွက်ကမူ ပဲနို့ရည်၊ ကွေကာအုပ်၊ ကောက်နှံများကို စားသုံးပေးဖို့  အထူးလိုအပ်သည်။

အိုမီဂါ-၃ ဖက်တီးအက်စစ်  ခန္ဓာကိုယ်ကြီး၏ ဇီဝဖြစ်စဉ်ကောင်းမွန်စေရန်အတွက် အိုမီဂါ-၃ ဖက်တီးအက်စစ်က လွန်စွာအရေးပါလှသည်။ ထို့ပြင် အိုမီဂါ-၃ က ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများနှင့်   နှလုံးရောဂါဖြစ်ခြင်းမှလည်း ကာကွယ် ပေးနိုင်သည်။  ကြက်ဥ၊ ဘဲဥ မစားသော သက်သတ်လွတ် သမားများအတွက်  ဖြည့်စွက်စာအားဆေးအဖြစ် ပဲပိစပ်၊ တိုဟူး၊ သစ်ကြားသီး၊ ဂုန်လျှော်စေ့ တို့ကို စားပေးပါ။

အိုင်အိုဒင်း ခန္ဓာကိုယ်ကြီး၏ ဇီဝဖြစ်ပျက်မှုအတွက်ကိုလည်း   အိုင်အိုဒင်းသတ္တုဓာတ်က အထောက်အပံ့ပေးနိုင်သည်။ ဟင်းသီးဟင်းရွက်မှ ရနိုင်သည့် အိုင်အိုဒင်းက  လွန်စွာနည်းပါးသဖြင့် ဟင်းလျာများ  ချက်ပြုတ်ပြင်ဆင်သည့်အခါ အိုင်အိုဒင်းဆားကိုသာ  သုံးပေးရမည်။  ဥပမာ-sushi (စူရှီ) လုပ်သော ရေညှိမှာ   အိုင်အိုဒင်း ပါဝင်မှုများသဖြင့် သက်သတ်လွတ်သမားများ အနေဖြင့် ရေညှိကို စားပေးသင့်ပါသည်။   ။