ခံစစ်ကစားသမား ဗာရာနီ ဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်ဖြစ်၍ မန်ယူအသင်း ခံစစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်လာ

ခံစစ်ကစားသမား ဗာရာနီ ဒဏ်ရာကြောင့် တစ်လခန့် အနားယူရမည်ဖြစ်၍ မန်ယူအသင်း ခံစစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်လာ

မန်ယူအသင်း  ခံစစ်ကစားသမား  ဗာရာနီသည် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့သည့် အတ္တလန္တာအသင်းနှင့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီးနောက် ရက်သတ္တသုံးပတ်မှ တစ်လခန့်အထိ အနားယူရမည် ဖြစ်၍ လာမည့်ပွဲစဉ်များတွင် မန်ယူအသင်း ခံစစ်ပိုင်းအတွက် ထိုးနှက်ချက်များ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ဗာရာနီသည် အသင်းခံစစ်ပိုင်းတွင် အဓိက ကစားသမားအဖြစ် ပါဝင်နေသူဖြစ်ပြီး လက်ရှိတွင် ခြေသလုံးဒဏ်ရာကြောင့် အနည်းဆုံး ရက်သတ္တသုံးပတ်မှ  တစ်လခန့်အထိ  အနားယူရဖွယ်ရှိနေခြင်းဖြစ်သည်။

ဗာရာနီသည် အစောပိုင်းကလည်း ပြင်သစ်အသင်း နှင့် သွားရောက်ပူးပေါင်းစဉ် ခြေသလုံး ဒဏ်ရာရရှိခဲ့ပြီးနောက် ရက်သတ္တသုံးပတ်ခန့်အထိ အနားယူခဲ့ရ ကာ   ၎င်းမပါရှိသည့် ပွဲစဉ်များတွင်  မန်ယူအသင်း ခံစစ်ပိုင်းအနေဖြင့် ရုန်းကန်ခဲ့ရပြီး သုံးပွဲ ကစားရာ၌၁၁ ဂိုးအထိ ပေးခဲ့ရသည်။

ဗာရာနီသည်  အတ္တလန္တာအသင်းနှင့် ပွဲစဉ်တွင် ပွဲချိန်အစောပိုင်းက ပုံစံကောင်း ပြသနိုင်သော်လည်း ပွဲချိန် ၃၈ မိနစ်တွင် ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရသည်။

မန်ယူအသင်း ခံစစ်ပိုင်းတွင် ဗာရာနီအပြင် တခြား ခံစစ်ကစားသမားတစ်ဦးဖြစ်သည့် လင်ဒီလော့ခ်လည်း  ဒဏ်ရာကြောင့်   အနားယူနေရသဖြင့်    ခံစစ်ပိုင်း အတွက်  လိုအပ်ချက်များစွာ ဖြစ်လာဖွယ် ရှိကြောင်း သိရသည်။