COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ဘာသာရေးကျောင်းများ၏ ဆွမ်းကိစ္စများတွင် အထောက်အကူပြုစေရန်အတွက် အဲဗားရှိုင်း ကုမ္ပဏီလီမိတက်မှ ဆန်၊ ဆီနှင့် နှာခေါင်းစည်းများ လှူဒါန်း

 COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ဘာသာရေးကျောင်းများ၏ ဆွမ်းကိစ္စများတွင် အထောက်အကူပြုစေရန်အတွက် အဲဗားရှိုင်း ကုမ္ပဏီလီမိတက်မှ ဆန်၊ ဆီနှင့် နှာခေါင်းစည်းများ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၄        
                                
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင် အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများ၊ သာသနာအနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်းအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများကို စဉ်ဆက်မပြတ်လှူဒါန်းပေးလျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ဘာသာရေးကျောင်းများ၏ ဆွမ်းကိစ္စများ ကူညီဆောင်ရွက်ပေး ရာတွင် အထောက်အကူပြုစေရန်အတွက် အဲဗားရှိုင်းကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးလျူရှီး က ဆန် ၃၀၀ အိတ်၊ ဆီ ၃၀၀ ပိဿာနှင့် နှာခေါင်းစည်းများကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရွှေလီရိပ်သာဧည့်ခန်းမဆောင်၌ ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။