တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်မြို့ အထွေထွေရောဂါကုဆေးရုံရှိ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်း

တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်မြို့ အထွေထွေရောဂါကုဆေးရုံရှိ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၄
    
COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူ့ဆေးရုံများတွင် သွေးလိုအပ်မှုမရှိစေရေးအတွက် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များက ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ အထွေထွေရောဂါကုဆေးရုံရှိ သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းကြသည်။
    
ထိုသို့ လှူဒါန်းရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင် စုစုပေါင်း ၈၅ ဦးတို့က သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသွေးလှူဒါန်းကြပြီး ထိုသို့ သွေးလှူဒါန်းနေမှုများကို တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။