လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်တလုံးကြီး မြိ့နယ်ခွဲ၊ ကက္ကူကျေးရွာ ဘုရားစေတီဝန်းအနီးရှိ ညောင်ပင် လဲကျမှုအား ဖယ်ရှားရှင်းလင်း

နေပြည်တော်၊ သြဂုတ် - ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တလုံးကြီး မြိ့နယ်ခွဲ၊ ကက္ကူကျေးရွာ၌ ယနေ့ နံနက်ပိုင်းတွင် လေပြင်းတိုက်ခတ်ခဲ့ရာ ကက္ကူဘုရား စေတီဝန်း အနီးရှိ လုံးပတ် ၁၈ ပေ၊ အမြင့် ၁၅၀ ပေ၊ သက်တမ်းနှစ် ၁၀၀ ကျော်ခန့်ရှိ ညောင်ပင်သည် ဆွေးမြေ့ပြီး အမြစ်မှ လဲပြိုခဲ့သဖြင့် ဘုရားဝန်း အဝင်လမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါနေရာသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘန်းယဉ်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ လဲကျခဲ့သည့် သစ်ပင်၏ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လမ်းပိတ်ဆို့မှုအား ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။