စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ (စက်တင်ဘာဒုတိယပတ်အတွက်) ရန်ကုန်စတော့ အိတ်ချိန်း၏ စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် သန်း ၁၃၀ ကျော်ရရှိထားကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။ စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင် ကုမ္ပဏီခြောက်ခုမှ စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ စတော့ရှယ်ယာအစောင်ရေ ၁၈၇၂၀ မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၃၈၅၃၃၂၅၀ ရရှိ ထားကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ စာရင်းဝင်ကုမ္ပဏီတစ်ခုချင်းစီ၏ စတော့ရှယ်ယာ ရောင်းဝယ်မှုကို ကြည့်မည်ဆိုပါက First Myanmar Investment Public Co.,Ltd. JFMI) က စတော့ရှယ်ယာအစောင်ရေ ၁၁၅၇၄ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၁၄၀၅၆၇၀၀ ရရှိခဲ့ကြောင်း သိရသည်။ Myanmar Thilawa SEZ Holdings Public Co.,Ltd. (MTSH) စတော့ရှယ်ယာအစောင်ရေ ၄၆၉၅ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၁၇၀၈၆၀၀၀၊ Myanmar Citizens Bank (MCB) က စတော့ရှယ်ယာတစ်စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၈၀၀၀ နှင့် First Private Bank Limited က စတော့ရှယ်ယာအစောင်ရေ ၂၅ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၅၄၆၀၀၀ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် TMH Telecom Public Co.,Ltd. ကလည်း စတော့ရှယ်ယာအစောင်ရေ ၁၆၀၅ စောင်မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၄၃၆၄၀၅၀ ရရှိခဲ့ပြီး Ever Flow River Group Public Co.,Ltd. (EFR)က စတော့ရှယ်ယာအစောင်ရေ ၈၂၀ မှ စတော့ရှယ်ယာတန်ဖိုး ငွေကျပ် ၂၄၇၂၅၀၀ ရရှိခဲ့ကြောင်း သိရသည်။
kaykay