ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂ဝ၂၁ ခုနှစ် ၁ဝ လတာ ကာလအတွင်း ယာဉ်မတော်တဆမှု ၂၁၄ မှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ လကုန်အထိ ၁ဝ လတာ ကာလအတွင်း ယာဉ်မတော်တဆမှု ၂၁၄ မှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၉၄ သန်းကျော် ဆုံးရှုံးမှုရှိခဲ့ ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထိုသို့ ယာဉ်မတော်တဆ ဖြစ်ပွားမှုအနေဖြင့် ဇန်နဝါရီလက မတော်တဆမှု ၂၉ မှု ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၁၅၂၆ဝဝဝဝ၊ ဖေဖော်ဝါရီလက မတော်တဆမှု ၂၁ မှုဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၁၅၅ဝဝဝဝဝ၊ မတ်လက မတော်တဆမှု ၂၅ မှုဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၂၁၉၈၅ဝဝဝ၊ ဧပြီလက မတော်တဆမှု ၂၁ မှုဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၅ဝ၉၇၅ဝဝဝ၊ မေလက မတော်တဆမှု ၃၁ မှုဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၂၈၅၂၅ဝဝဝ၊ ဇွန်လက မတော်တဆမှု ၂ဝ ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၁၃၅၈၃ဝဝ၊ ဇူလိုင်လက မတော်တဆမှု ၁၄ မှုဖြစ်ပွားပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၅ဝဝဝဝဝဝ၊ သြဂုတ်လက ယာဉ်မတော် တဆမှု ၁၄ မှုဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၉၇၈၅ဝဝဝ၊ စက်တင်ဘာလက ယာဉ်မတော်တဆမှု ၁၉ မှုဖြစ်ပွားပြီး ဆုံးရှုံး မှုတန်ဖိုး ငွေကျပ် ၂၂၇၅ဝဝဝဝ နှင့် အောက်တိုဘာလက ယာဉ်မတော်တဆမှု ၂ဝ ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၂၃၂၅ဝဝဝဝ ရှိခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု အနေဖြင့် ဇန်နဝါရီ လက သေဆုံးသူလေးဦးနှင့် ဒဏ်ရာရရှိသူ ၄ဝ၊ ဖေဖော်ဝါရီလက သေဆုံးသူသုံးဦးနှင့် ဒဏ်ရာရရှိသူ ၃၉ ဦး၊ မတ်လက သေဆုံး သူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၅၁ ဦး၊ ဧပြီ လက သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၆၆ ဦး၊ မေလက သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၄၃ ဦး၊ ဇွန်လက သေဆုံး သူသုံးဦးနှင့် ဒဏ်ရာရရှိသူ ၃၇ ဦး၊ ဇူလိုင် လက သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ ၁၁ ဦး၊ သြဂုတ်လက သေဆုံးသူလေးဦး နှင့် ဒဏ်ရာရရှိသူ ၂၂ ဦး၊ စက်တင်ဘာ လက သေဆုံးသူလေးဦးနှင့် ဒဏ်ရာရရှိသူ ၂၃ ဦး၊ အောက်တိုဘာလက သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂ဝ ဦးရှိကြောင်း သိရသည်။
အမြန်လမ်း ရဲတပ်ဖွဲ့အနေဖြင့် ခရီးသွား ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရေး အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။