မန်ယူအသင်း နည်းပြရာထူးအတွက် နည်းပြရော်ဂျာနှင့် မန်စီနီတို့ ထိပ်ဆုံးမှ ရေပန်းစား

မန်ယူအသင်း နည်းပြရာထူးအတွက် နည်းပြရော်ဂျာနှင့် မန်စီနီတို့ ထိပ်ဆုံးမှ ရေပန်းစား

မန်ယူအသင်းက   နည်းပြဆိုးလ်ရှား၏ နေရာ၌ အစားထိုးရန် နည်းပြသစ်တစ်ဦး ရှာဖွေနေပြီး လက်ရှိတွင် မန်ယူအသင်းနည်းပြသစ် ရာထူးအတွက် လက်စတာအသင်း နည်းပြ  ရော်ဂျာနှင့်  အီတလီအသင်း နည်းပြမန်စီနီတို့က ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။

မန်ယူအသင်းသည် အစောပိုင်းက အသင်းနည်းပြသစ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းကို ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သော်လည်း နည်းပြဇီဒန်း ကိုယ်တိုင်က   ပြင်သစ်လက်ရွေးစင် အသင်းကို နည်းပြလိုသည့်အတွက် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းက ယခုရက်သတ္တပတ်အတွင်း နည်းပြ အပြောင်းအလဲ ပြုလုပ် လိုသည့်အတွက် နည်းပြ ရော်ဂျာနှင့် မန်စီနီတို့ကို ဆက်သွယ်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် နည်းပြရော်ဂျာနှင့် သဘောတူညီမှု ရရှိထားသည်ဟု  သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။