နယူးကာဆယ်အသင်းက ဘုန်းမောက်အသင်း နည်းပြဟောင်း အက်ဒီဟိုဝီကို ၂ဝ၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ အသင်းနည်းပြသစ် အဖြစ်ခန့်အပ်

နယူးကာဆယ်အသင်းက ဘုန်းမောက်အသင်း နည်းပြဟောင်း အက်ဒီဟိုဝီကို ၂ဝ၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ အသင်းနည်းပြသစ် အဖြစ်ခန့်အပ်

နယူးကာဆယ်အသင်းက အသင်းနည်းပြသစ်အဖြစ် ဘုန်းမောက်အသင်း နည်းပြဟောင်း   အက်ဒီဟိုဝီကို ၂ဝ၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ  အတည်ပြု ခန့်အပ်ခဲ့ကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပွားပြီးနောက်   ပိုင်ရှင်အသစ်က   အသင်းကို ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံကာ   ထိပ်တန်းအသင်း တစ်သင်းဖြစ်အောင် တည်ဆောက်လိုသည့်အတွက်  နည်းပြ စတိဘရုဗ်ကို  ထုတ်ပယ်ပြီး ထိပ်တန်းနည်းပြ တစ်ဦးခန့်အပ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းက အသင်းနည်းပြသစ်အဖြစ် အစောပိုင်းက ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်း၊   လက်ရှိ စပါးအသင်းနည်းပြသစ်   ကွန်တီနှင့် ဗီလာရီးယဲလ်အသင်းနည်းပြ အမ်မရီတို့ကို တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အသီးသီး ငြင်းဆိုခဲ့ပြီးနောက်  နည်းပြအက်ဒီဟိုဝီကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

နည်းပြအက်ဒီဟိုဝီသည် နည်းပြဘဝကို ၂ဝဝ၈ ခုနှစ်က ဘုန်းမောက်အသင်းနှင့် စတင်ပြီးနောက် ၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီက ဘန်လေအသင်းကို တစ်ရာသီ တာဝန် ယူခဲ့သော်လည်း  ၂ဝ၁၂ ခုနှစ်မှစ၍  ၂ဝ၂ဝ ပြည့်နှစ်အထိ ဘုန်းမောက်အသင်း၌  တစ်ကျော့ ပြန်လည်နည်းပြ ခဲ့ခြင်းဖြစ်သည်။   ၂ဝ၂ဝ ပြည့်နှစ်အကုန်တွင်  ကလပ်အသင်း လက်မဲ့ဖြစ်နေရာ  နယူးကာဆယ်အသင်း   နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက်  နိုဝင်ဘာ ၂ဝ ရက်တွင်ကစားမည့် ဘရန့်ဖို့ဒ် အသင်းနှင့်ပွဲတွင်   စတင် တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။