နမ့်စန်မြို့ ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နမ့်စန်မြို့ ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၂
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
    
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သော ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၅ လုံး၊ Oxygen Concentrator ၆ လုံး၊ Flow Meter ၁၀ ခု၊ Surgical Mask ၃၀ ဖာ၊ ပိုးသတ်ဆေးရည် ၃ ပုံးနှင့် ငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။