ဥတ္တရသီရိမြို့နယ်၊ ပန်းတင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

ဥတ္တရသီရိမြို့နယ်၊ ပန်းတင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၂
    
နေပြည်တော်ကောင်စီနယ်မြေ၊ ဉတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဉတ္တရသီရိတပ်နယ်မှ တပ်မတော်သားများက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့်  ကျောင်းခြံစည်းရိုးများပြင်ဆင်ဆောင်ရွက်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။