COVID-19 ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန် တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဘုန်းတော်ကြီးကျောင်းများသို့ ၁၁၄၆၅ ကြိမ်၊ သီလရှင်ကျောင်းများသို့ ၃၀၈ ကြိမ်၊ အခြားဘာသာရေးများဆိုင်ရာ နေရာဌာနတို့တွင် ကြိုတင် ကာကွယ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ-၁၅
ကမ္ဘာ့ကပ်ရောဂါ (COVID-19 ) သည် နိုင်ငံ့အရေး၊ အမျိုးသားအရေး ကိစ္စရပ်ဖြစ်ပြီး ကူးစက်ခံရမှုများလာသဖြင့် တပ်မတော်မှ လုပ်နိုင်တာမှန်သမျှဆောင်ရွက်ပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်နှင့်အညီ တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်အနေဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ပါရဂူများနှင့် ဆေးမှူးများပါဝင်သော ဆေးအဖွဲ့များဖြင့် (COVID-19 ) ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာများကို မတ်လ ၂၈ ရက်မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်အထိ ဘုန်းတော်ကြီးကျောင်းများသို့ ၁၁၄၆၅ ကြိမ်၊ သီလရှင်ကျောင်းများသို့ ၃၀၈ ကြိမ်၊ ဟိန္ဒူဘုရားရှိခိုးကျောင်းများသို့ ၁၃၆ ကြိမ်၊ အစ္စလာမ် ဘုရားရှိခိုးကျောင်းများသို့ ၂၄၀ ကြိမ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ ၉၉၁ ကြိမ်၊ တရုတ်ဘုံကျောင်းများသို့ ၃၅ ကြိမ်၊ ဘိုးဘွားရိပ်သာများသို့ ၈၄ ကြိမ်၊ မိဘမဲ့ကျောင်းများသို့ ၁၁၀ ကြိမ်၊ စာသင်ကျောင်းများသို့ ၂၁၁၅ ကြိမ်၊ ဆေးရုံများသို့ ၇၀၆၀ ကြိမ်၊ ဘဏ်များသို့ ၃၅၂ ကြိမ်၊ ကားဂိတ်များသို့ ၁၈၇ ကြိမ်၊ ဘူတာရုံများသို့ ၁၀၄ ကြိမ်၊ လေဆိပ်များသို့ ၄၃ ကြိမ်၊ အကျဉ်းထောင်များသို့ ၁၁ ကြိမ်၊ သင်္ဘောဆိပ်များသို့ ၈ ကြိမ်၊ ဈေးများသို့ ၇၈၆ ကြိမ်နှင့် အခြားနေရာများ၌ ဆောင်ရွက်မှု ၄၇၉၃ ကြိမ်၊ စုစုပေါင်း ၂၈၉၇၃ ကြိမ် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်း သရုပ်ပြခြင်း၊ Face Mask အသုံးပြုနည်း သရုပ်ပြသခြင်းများ၊ ပညာပေး လက်ကမ်းစာစောင်များနှင့် Face Mask များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး စာရေးအဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ဆား စသည့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။