လှည်းကူးမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ COVID-19  ရောဂါကုသရန် ပြင်ဆင် ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး

လှည်းကူးမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)၌ COVID-19  ရောဂါကုသရန် ပြင်ဆင် ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး

နေပြည်တော်၊ စက်တင်ဘာ - ၁၅
    
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)သို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ နှင့်အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါဆေးရုံ၌ COVID-19  ရောဂါပိုးတွေ့လူနာများအား ကုသရန်အတွက်  ICU  အခန်း(၁)ခန်းအပါအဝင် အမျိုးသား၊ အမျိုးသမီး လူနာ ၉၀ ဦးထားရှိနိုင်ရန် အခန်းများပြင်ဆင်ထားရှိမှု၊ လိုအပ်သောဆေးရုံသုံးစက်ကိရိယာများ၊ ဆေးဝါးများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော စစ်သည်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။