မိုင်းတုံမြို့နယ်၊ ဟွေအောကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မိုင်းတုံမြို့နယ်၊ ဟွေအောကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ- ၁၅
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ ဟွေအောကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် UWSA  (ဝ)တပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
    
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၆၁၈ ဦးနှင့် UWSA  (ဝ)တပ်ဖွဲ့ဝင် ၁၃၂ ဦး  စုစုပေါင်း ၇၅၀ ဦးတို့ကို အပူချိန်တိုင်းတာပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ အာရုံကြောဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆုံဆို့နာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးပေးသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မိုင်းတုံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးလာရောက် ကုသသူများအား စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်း Mask  များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။