ကျေးသီးမြို့ Oxygen Plant စက်ရုံ၌ ၄၀ လီတာဝင် Oxygen အိုးများ ထုတ်လုပ်နေမှု အားကြည့်ရှု၊ မြန်မာ့စီးပွားရေးဘဏ် ကျေးသီး(ငွေတိုက်ခွဲ) အဆောက်အဦသစ် ဖွင့်ပွဲအား တက်ရောက်
နေပြည်တော်၊ နိုဝင်ဘာ - ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ Oxygen Plant စက်ရုံ၌ ၄၀ လီတာဝင် Oxygen အိုးများ ထုတ်လုပ်နေမှုအား ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ် ကျေးသီး(ငွေတိုက်ခွဲ)အဆောက်အဦသစ် ဖွင့်ပွဲ အား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က အမှာစကားပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျေးသီး မြို့ရှိ သုဝဏ္ဏသီရိဟန်းခမ်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သံဃာတော်များ အား ဖူးမြော်ကာ ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။