ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)မှ ကြီးမှူးကျင်းပမည့်(၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပပြုလုပ်နိုင်ရန် အလှူငွေပေးအပ်လှူဒါန်း

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)မှ ကြီးမှူးကျင်းပမည့်(၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပပြုလုပ်နိုင်ရန် အလှူငွေပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၄
    
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)မှ ကြီးမှူးကျင်းပမည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပပြုလုပ်နိုင်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဇမ္ဗူသီရိဗိမာန်၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင် များက (၁၀၁)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူ ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။