တိုင်းစစ်ဌာနချုပ်များအလိုက် စုပေါင်းမဟာဘုံကထိန်အလှူတော်များပြုလုပ်

တိုင်းစစ်ဌာနချုပ်များအလိုက် စုပေါင်းမဟာဘုံကထိန်အလှူတော်များပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၄
    
ကထိန်ဆိုသည်မှာ ကထိနဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ခိုင်ခံ့မြဲမြံခြင်းဟု အဓိပ္ပါယ်ဖော်ဆောင်သည်။ ကထိန်ခင်းသည့် အစဉ်အလာသည် ဗုဒ္ဓဘာသာဝင်များ၏ နှစ်စဉ်ပြုလုပ်သော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ကထိန်ပွဲများကို နိုင်ငံအဝှမ်း၌ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အတွင်း ဆင်နွှဲကြသည်။ အလားတူ တပ်မတော်သားများနှင့် မိသားစုဝင်များ ကလည်း မိသားစုဘုံကထိန်ခင်းခြင်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူ ခြင်းတို့ကို တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပြုလုပ်ကြသည်။
    
ထိုသို့ပြုလုပ်ကြရာတွင် ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဒလတပ်နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်တိုင်းစစ်ဌာနချုပ်တို့၌ မဟာဘုံကထိန်အလှူတော်မင်္ဂလာများအား သတ်မှတ်နေရာများ၌ အသီးသီးပြုလုပ် ကြရာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ် ဝင်သီလရှင်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
    
အဆိုပါကထိန်အလှူတော်များတွင် တက်ရောက်လာကြသူများက သံဃာတော် များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ ကထိန် လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး သံဃာ တော်များက ကထိန်အမေးအဖြေများ လျှောက်ထားဖြေကြားခြင်းများ ဆောင်ရွက် ကြသည်။ ထို့နောက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းကြသည်။
    
စုပေါင်းမဟာဘုံကထိန်အလှူတော်များတွင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ် များအလိုက် လှူဒါန်းသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများပါဝင်သောပဒေသာပင်များကို သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။