ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ ခုတင်(၁၂)လုံးဆံ့ တိုးချဲ့ကုသဆောင် သစ်ဖွင့်လှစ်

ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ ခုတင်(၁၂)လုံးဆံ့ တိုးချဲ့ကုသဆောင် သစ်ဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၄
    
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အသစ်တည် ဆောက်ပြီးစီးခဲ့သည့် ခုတင်(၁၂)လုံးဆံ့ တိုးချဲ့ကုသဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် အဆိုပါတိုးချဲ့ကုသဆောင်သစ်ရှေ့၌ ပြုလုပ်သည်။

အဆိုပါ တိုးချဲ့ကုသဆောင်သစ်ဖွင့်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းမိုးနှင့် အဖွဲ့ဝင်များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုးချဲ့ကုသဆောင်သစ်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကာ ဆေးရုံမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။