အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်မှ လှူဒါန်းသည့် COVID-19 ရောဂါ  ကာ ကွယ် ထိန်းချုပ်ရေးပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့်စစ်တွေမြို့သို့ကူညီပို့ဆောင်

အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်မှ လှူဒါန်းသည့် COVID-19 ရောဂါ  ကာ ကွယ် ထိန်းချုပ်ရေးပစ္စည်းများ တပ်မတော်လေယာဉ်ဖြင့်စစ်တွေမြို့သို့ကူညီပို့ဆောင်

နေပြည်တော်၊ စက်တင်ဘာ- ၁၅

ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိမှုပိုမိုများပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသ ကြီး တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာသဒ္ဓမ္မဇောတိကဓဇမှ COVID-19 ရောဂါကာကွယ် ကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုသည့်ပစ္စည်း များကို လှူဒါန်းရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ  တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ကူညီပို့ဆောင်ပေးသည်။ 

 အဆိုပါလှူဒါန်းမှုသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာသဒ္ဓမ္မဇောတိကဓဇမှ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်    စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော်ဦးပညာဇောတထံသို့ COVID-19 ရောဂါကာကွယ်ကုသရေးနှင့်ထိန်းချုပ်ရေးပစ္စည်းများကို ပေးပို့လှူဒါန်း ခြင်းဖြစ်သည်။
                
ထိုသို့ပေးပို့လှူဒါန်းရာတွင် တပ်မတော်ပို့ဆောင်ရေး လေယာဉ်နှင့်အတူ COVID-19 ရောဂါကာကွယ်ကုသရေးနှင့်ထိန်းချုပ်ရေးပစ္စည်းများဖြစ်သော ဆေးဖျန်း စက် ၉ လုံး၊ ခွဲစိတ်ခန်းသုံးဝတ်စုံ ၁၈ အိတ်၊ ဆေးဖျန်းစက်ကြီး ၁ စုံ၊ သူနာပြု ခေါင်းစွပ် ၁ ပုံး၊ Mask ၃ ပုံး၊ Hand Gel ၂ ပုံး၊ စားသောက်ကုန် ၂ ဖာ၊ ဖိနပ် ၂ ဖာ၊ ဓာတ်ကင်မီးချောင်း ၁ ဖာ၊ Face Sheild ၅ ပုံး၊ စားသောက်ကုန်ကော်ပုံးအသေး ၂၅၆ ပုံး စသည့်ပစ္စည်းများ တင်ဆောင်သွားကြောင်းနှင့် စစ်တွေတပ်နယ်အတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။