ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်လေးကျွန်းမာရ်အောင် သာမဏေကျော်စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များ ဆက်ကပ်လှူဒါန်း

ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်လေးကျွန်းမာရ်အောင် သာမဏေကျော်စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask များ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ- ၁၅
    
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်လေးကျွန်း မာရ်အောင် သာမဏေကျော်စာသင်တိုက်သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတို့ စုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ဆားနှင့် Face Mask  များကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တာဝန်ရှိသူများက အဆိုပါစာသင်တိုက်သို့ သွားရောက်၍ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝိသုတ အမှူးပြုသော သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
    
ထိုသို့လှူဒါန်းမှုတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ စုပေါင်းလှူဒါန်းသည့်  ဆွမ်းဆန် ၆၀ အိတ်အပါအဝင် ဆီ၊ ဆား၊ ပဲ စသည့်အမယ် ၄ မျိုးနှင့် Face Mask  ၁၅၀၀ ခုတို့ကို စုပေါင်းလှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါကျောင်း၌ သံဃာတော် ၂၈၉ ပါးရှိကြောင်း သိရှိရသည်။
    
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ဆေးကုသရေးအဖွဲ့က သံဃာတော်များအား  COVID-19 ရောဂါနှင့်ပတ်သက်၍ အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။