တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကို တပ်မတော်မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ဆက်လက် ပို့ဆောင်ဖြန့်ဖြူး
ရန်ကုန်၊ နိုဝင်ဘာ-၁၅
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ထားရှိသော ဆေးတစ်လုံးလျှင် လူ ၂ ဦးထိုးနိုင်သည့် Sinovac ဆေးများကို မြစ်ကြီးနားမြို့သို့ ကာကွယ်ဆေး ၁၅၇၄ လုံး၊ စစ်တွေမြို့သို့ ကာကွယ်ဆေး ၉၄၄၅ လုံး၊ သံတွဲမြို့သို့ ကာကွယ်ဆေး ၃၀၀၀၀ လုံး၊ လားရှိုးမြို့သို့ ကာကွယ်ဆေး ၄၈၆၂ လုံး၊ ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး ၂၉၁ လုံး၊ လွိုင်ကော်မြို့သို့ ကာကွယ်ဆေး ၁၉၆ လုံး၊ ကလေးမြို့သို့ ကာကွယ်ဆေး ၅၀၀၀ လုံးနှင့်ထားဝယ်မြို့သို့ ကာကွယ်ဆေး ၁၂၁၃ လုံးတို့ကို မင်္ဂလာဒုံလေ တပ်စခန်းဌာနချုပ်ရှိ တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်များဖြင့် လည်းကောင်း၊ မန္တလေးမြို့သို့ ကာကွယ်ဆေး ၅၅၃၇၇ လုံးနှင့် မုံရွာမြို့သို့ ကာကွယ်ဆေး ၁၈၁၉၉ လံုးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် လည်းကောင်း ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။