အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ နှစ်(၆၀)ပြည့် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ပြုလုပ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ နှစ်(၆၀)ပြည့် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၆
    
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ နှစ်(၆၀)ပြည့် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အိမ်ထောင်သည်လိုင်း သန့်ရှင်းရေးဆုရရှိကြသူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများနှင့် ကျပန်း စကားပြောပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြု ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။