မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၆
    
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိ အားကစားခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး တက်ရောက် လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်ဖြစ်သည့် ပြင်ဦးလွင်ခရိုင်အမျိုးသားအသင်းနှင့် ကျောက်ဆည်ခရိုင်အမျိုးသားအသင်းတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြ သည်။
    
အဆိုပါ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရို ခရိုင် ၇ ခရိုင်မှ အမျိုးသားအသင်း ၇ သင်း၊ အမျိုးသမီးအသင်း ၇ သင်းတို့ဖြင့် နိုဝင်ဘာ ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။