တောင်ကြီးမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

တောင်ကြီးမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် နောင်မွန်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ တွေ့ဆုံသည်။
    
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။