တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၁၇
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဟိုခုံပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်ရှိ ကျူချောင်ပရိယတ္တိစာသင်တိုက်၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ အရှေ့သရက်ကုန်းကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ သဘွက်ကုန်း စံပြကျေးရွာရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၊ သာသနာ့ဝေပုလ္လကံစွယ်ကျောင်း တိုက်၊ ပုသိမ်ကြီးမြို့နယ်၊ အနန္တ ဂုဏ်ရည်ကျောင်းတိုက်နှင့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)ရှိ တပ်ဦးမဟာဂန္ဓာရုံ ကျောင်း တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အင်းယင်းလေးကျေးရွာအုပ်စု၊ သဲတောလေးကျေးရွာရှိ နိုဝင်ဘာ ၁၁ ရက်တွင် PDF အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဆရာတော် ဦးသုမန၏ မင်္ဂလာမှန်ကျောင်းတိုက်သို့လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများက သွားရောက်ခဲ့ပြီး ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများအား တွေ့ဆုံကာ ဆရာတော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အကြမ်း ဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ၏ အခက်အခဲများအား ကူညီဆောင်ရွက်ပေးနိုင်ရေး ရင်းရင်းနှီးနှီးဆွေးနွေးဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။