တိုင်းစစ်ဌာနချုပ်များအလိုက် စုပေါင်းမဟာဘုံကထိန်အလှူတော်များပြုလုပ်

တိုင်းစစ်ဌာနချုပ်များအလိုက် စုပေါင်းမဟာဘုံကထိန်အလှူတော်များပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၇

ကထိန်ဆိုသည်မှာ ကထိနဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ခိုင်ခံ့မြဲမြံခြင်းဟု အဓိပ္ပါယ်ဖော်ဆောင်သည်။ ကထိန်ခင်းသည့် အစဉ်အလာသည် ဗုဒ္ဓဘာသာဝင်များ၏ နှစ်စဉ်ပြုလုပ်သော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ကထိန်ပွဲများကို နိုင်ငံအဝှမ်း၌ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အတွင်း ဆင်နွှဲကြသည်။ အလားတူ တပ်မတော်သားများနှင့် မိသားစုဝင်များ ကလည်း မိသားစုဘုံကထိန်ခင်းခြင်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူ ခြင်းတို့ကို တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပြုလုပ်ကြသည်။

ထိုသို့ပြုလုပ်ကြရာတွင် ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ လှိုင်းဘွဲ တပ်နယ်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကျိုက်မရောဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူမြို့နယ်၊ ငါးဆူတောင်ကျေးရွာရှိ ချမ်းမြေ့ဂုဏ်ဝေဘုန်းတော်ကြီးကျောင်း၌ လည်ကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ လည်း ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းစစ်ဌာနချုပ်၊ တိုင်းဧချမ်းဓမ္မာရုံ၌ လည်း ကောင်း သီးသီးပြုလုပ်ကြရာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ် ဝင်သီလရှင်များကြွရောက်တော်မူကြပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အဆိုပါကထိန်အလှူတော်များတွင် တက်ရောက်လာကြသူများက သံဃာတော် များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ ကထိန် လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး သံဃာ တော်များက ကထိန်အမေးအဖြေများ လျှောက်ထားဖြေကြားခြင်းများ ဆောင်ရွက် ကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းကြသည်။

စုပေါင်းမဟာဘုံကထိန်အလှူတော်များတွင် တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ် များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ လှူဒါန်းသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပါဝင်သောပဒေသာပင်များကို သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။