အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ၁၉၈  ဦးခန့် သေဆုံး၊ ၁၄၈  ဦးခန့် ဒဏ်ရာရရှိခဲ့

အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ၁၉၈  ဦးခန့် သေဆုံး၊ ၁၄၈  ဦးခန့် ဒဏ်ရာရရှိခဲ့

နေပြည်တော်  နိုဝင်ဘာ  ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နေမှု အပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG ၊  PDF စသည့် အဖွဲ့အစည်းများသည်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား အကောင်ထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်စေရန်၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်နှင့်    ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးစေရန်အတွက် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းအမျိုးမျိုးပြ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းများ  လုပ်ဆောင်လျက်ရှိရာ ထိခိုက်ဒဏ်ရာ ရရှိခြင်းများသာမက  အချို့အသက်သေဆုံး သည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၂ဝ၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံးခဲ့ရပြီး ၁၄၈ ဦးခန့် ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင် သည်အထိ ပူးပေါင်းဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံ သတင်း ထုတ်ပြန်အပ်ပါသည်။