မအီမြို့နယ်ခွဲ၊ သဒွန်ကျေးရွာအနီး၌ တရားမဝင် ဘင်္ဂါလီများဖမ်းဆီးရမိ

မအီမြို့နယ်ခွဲ၊ သဒွန်ကျေးရွာအနီး၌ တရားမဝင် ဘင်္ဂါလီများဖမ်းဆီးရမိ

နေပြည်တော် ၊ စက်တင်ဘာ - ၁၅
    
ရခိုင်ပြည်နယ်၊ မအီမြို့နယ်ခွဲ၊ သဒွန်ကျေးရွာ၏မြောက်ဘက်မီတာ ၁၀၀ ခန့်အကွာ အမ်း-မအီကားလမ်းပေါ်၌ မသင်္ကာဖွယ်ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ စက်တင်ဘာ ၁၄ ရက်ညနေ ၅ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ အမျိုးသား ရှော့ဘူကာတယ်(ဘ)အာချောအာလီ အပါအဝင် ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိဘင်္ဂါလီများအား သက်ဆိုင်ရာသို့ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။