COVID-19 ပိုးတွေ့လူနာ ၃၀၇ ဦးနှင့်သေဆုံးသူ သုံးဦးထပ်တိုး

COVID-19 ပိုးတွေ့လူနာ ၃၀၇ ဦးနှင့်သေဆုံးသူ သုံးဦးထပ်တိုး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ညနေ ၃ နာရီနှင့် ည ၈ နာရီ တို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ပိုးတွေ့လူနာ ၃၀၇ ဦးနှင့် သေဆုံးသူသုံးဦး ထပ်တိုးလာကြောင်း  သိရသည်။ အဆိုပါထုတ်ပြန်ချက်များတွင် (၁၄-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၀၉၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၄၄၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၉၅ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ၂၁ ခု၊  ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၄၇၅ ခုစုစုပေါင်းဓာတ်ခွဲနမူနာ ၂၂၄၄ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးတွေ့ရှိသည်။

(၁၄-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှဓာတ်ခွဲနမူနာ ၂၁၀၁ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၈၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)မှ ဓာတ်ခွဲနမူနာ ၉၅၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၄၄၅ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၉၉ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀မှ ဓာတ်ခွဲနမူနာ ၁၈ ခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲနမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ ရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာ ခြောက်ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာငါးခု၊ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ငါးခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ လေးခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ ဆေးရုံကြီး ကျောက်ဖြူမြို့မှဓာတ်ခွဲနမူနာ ၂၁ ခု၊ ပြည်သူ့ဆေးရုံကြီး ဘားအံမြို့မှ ဓာတ်ခွဲ နမူနာ ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ ၁၂ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၄၇၅ ခု စုစုပေါင်း ၄၄၅၈ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၂၈၄ ဦးတွေ့ရှိခဲ့သည်။ (ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၈၀ ဦး တွေ့ရှိခြင်းကို (၁၄-၉-၂၀၂၀)ရက် ည ၈ နာရီသတင်း တွင် ထုတ်ပြန်ပြီးဖြစ်သည်။)

ယမန်နေ့ (၁၄-၉-၂၀၂၀)ရက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။ (၁၅-၉-၂၀၂၀) ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၈၃၃ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ ပထမအသုတ် ၂၉၁ ခု၊  ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၃၅၉ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၂၄၇ ခု၊ ပြည်သူ့ဆေးရုံကြီး တောင်ကြီးမြို့မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၇၇ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၄၄ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့မှ  ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာတစ်ခု၊ ပြည်သူ့ ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ ၃၅ ခု၊ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ဓာတ်ခွဲ နမူနာ ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ ၁၉ ခုနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၄၂ ခု စုစုပေါင်း ၂၁၇၃ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၀၃ ဦးတွေ့ရှိရသည်။

(၁၅-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ ၃၅၀၂ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (Old Confirmed Case) များ အနက် စုစုပေါင်း ၈၃၂ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင်တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၆၁)နှစ်အရွယ် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (case-2354)သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀)ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် သေဆုံးသွားခဲ့သည်။ COVID-19 ကုသရေးဌာန(ဖောင်ကြီး)တွင် တက်ရောက် ကုသမှုခံယူခဲ့သော အသက် (၅၉)နှစ်အရွယ် ပန်းနာရင်ကျပ်ရောဂါအခံရှိသူ အမျိုးသား (case-2876)သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀)ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် သေဆုံးသွားခဲ့သည်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့သော အသက် (၆၄)နှစ် အရွယ် သွေးတိုးရောဂါနှင့်ဆီးချိုရောဂါ အခံရှိသူ အမျိုးသား(case-3186) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးဆိပ် တက်ခြင်းတို့ဖြင့် (၁၃-၉-၂၀၂၀)ရက် နံနက် ၅ နာရီ မိနစ် ၂၀ တွင် သေဆုံးသွားခဲ့သည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက်  သေဆုံးသူပေါင်း ၃၅ ဦးရှိပြီဖြစ်သည်။  (၁၄-၉-၂၀၂၀)ရက်  မွန်းတည့် ၁၂ နာရီမှ (၁၅-၉-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၂၅၇ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။