အကြမ်းဖက် မိစ္ဆာ PDF ၊ နိုင်ငံတော်အတွက် ဝိုင်းဝန်းတိုက်ဖျက်

အကြမ်းဖက် မိစ္ဆာ PDF ၊ နိုင်ငံတော်အတွက် ဝိုင်းဝန်းတိုက်ဖျက်

ယနေ့ ကျွန်ု်ပ်တို့ရဲ့လူ့ဘောင်ကြီးဟာ ရှေးရာစု နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပါပြီ။ လူဆိုတာ တစ်ဦးတစ်ယောက်တည်း သင်းကွဲနေလို့မရပါဘူး။နေလည်းမနေခဲ့ကြပါဘူး။ အသိုက်အဝန်းဖွဲ့ပြီး နေလာခဲ့ကြတာပါ။ ယခုလိုလူ့ဘောင်အဖွဲ့ကြီး ရာစုနှစ်ပေါင်းများစွာ နေထိုင်နိုင်ခဲ့ခြင်းဟာ စာနာစိတ်နဲ့ မိမိတို့ယုံကြည် ကိုးကွယ်ရာ ဘာသာတရားကြောင့်လို့ဆိုရင် မှားမည်မထင်ပါဘူး။ လူနဲ့တိရစ္ဆာန် ကွာခြားချက်လည်း အဲဒီအချက် ၂ ချက်ပါပဲ။ တိရစ္ဆာန်တွေမှာ  စာနာစိတ်နဲ့ ယုံကြည်ကိုးကွယ်ရာ  ဘာသာတရား ဆိုတာမရှိပါဘူး။

မိမိဘဝရှင်သန် ရပ်တည်နိုင်ဖို့အတွက် သတ်ဖြတ်ကြတယ်။ ကြီးနိုင်ငယ်ညှဉ်း ပြုကြပါတယ်။ ဥပမာ- ဥသြငှက်ဆိုကြပါစို့။   ဥသြငှက်ဆိုတာ ကိုယ်ပိုင် အသိုက်အမြုံ မဖွဲ့ကြပါဘူး။ အခြားတိရစ္ဆာန်တို့ရဲ့ အသိုက်မြုံမှာ ဥချလေ့ရှိပါတယ်။ မူလပိုင်ရှင်ရဲ့ ဥတွေကို ကန်ချတတ်လေ့ရှိပါတယ်။ ဒါက ဥသြငှက်တို့ရဲ့ အလေ့အထပါပဲ။ 

လူသားတွေမှာတော့ ရည်မှန်းချက်နဲ့ဘဝကိုရှင်သန်ကြပြီး တိရစ္ဆာန်လောကမှာတော့ ကြီးနိုင်ငယ်ညှဉ်းသတ်ဖြတ်ခြင်းနဲ့ ဘဝကို စတင်ကြပါတယ်။

စာနာစိတ်

လူတွေမှာ မိမိယုံကြည်ရာ ဘာသာတရားရှိကြပြီး ရည်မှန်းချက်နဲ့အတူ မတူညီတဲ့ အတွေးအမြင်တော့ရှိကြတာပါပဲ။ မတူညီတာကို ရန်သူလို့ သတ်မှတ်ခဲ့ကြမယ်ဆိုရင် ယနေ့လူ့ဘောင်ဆိုတာမရှိတော့ပါဘူး။ မတူညီသော်လည်း စာနာစိတ်နဲ့ ယှဉ်တွဲနေထိုင်ခဲ့ကြလို့သာ လူ့ဘောင်အဖွဲ့အစည်းကြီး အဖြစ် တည်တံ့နေတာပါ။ တစ်နည်းအားဖြင့်ဆိုရရင် လူ့ဘောင် အဖွဲ့အစည်းကြီးမှာ  စာနာမှုကိုမဏ္ဍိုင်ပြုပြီး နေထိုင်ကြတာပါ။ မည်သည့်ဘာသာတရား ဖြစ်စေ လူ့ဘောင် အဖွဲ့အစည်းကြီးကို အထောက်အကူဖြစ်စေဖို့နဲ့ မျှတမှုရှိစေဖို့ လမ်းညွှန်ဆုံးမ ထားကြမှာပါပဲ။  အစွန်းမရောက်ဖို့သာ လိုပါတယ်။   ဟိုတုန်းက   လူသားအချင်းချင်း ယဇ်ပူဇော်ကြတယ် ဆိုတာကြားခဲ့ရဖူးပါတယ်။   မှားယွင်းတဲ့ အယူဝါဒမို့   ယနေ့ခေတ်မှာ မရှိတော့ပါဘူး။ 

ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးဟာ မိမိတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး ပထဝီအနေအထား၊  ရိုးရာယဉ်ကျေးမှုတို့ အပေါ်အခြေခံပြီး   စနစ်တစ်ခုနဲ့ ခုတ်မောင်းနေကြတာပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ် တူညီသော်လည်း အလုံးစုံထပ်တူ မညီနိုင်ပါဘူး။ ဒီမိုကရေစီစနစ်မှာ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရပါတယ်။ ဒါပေမဲ့ လွတ်လပ်မှုဆိုတာ အလုံးစုံခွင့်ပြု ထားတယ်လို့ မဆိုလိုပါဘူး။  ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြုမူရမှာပါ။ သူတစ်ပါးကို ထိခိုက်နစ်နာမှု မရှိအောင် လူသားပီပီစာနာစိတ်နဲ့ ပြုမူရမှာဖြစ်ပါတယ်။

လူပီသမှုဆိုတာ ''စာနာစိတ်''ဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာရတာပါ။ စာအုပ်မှာ ဘာမှ မရေးထားရင် ဗလာစာအုပ်လို့ ခေါ်ကြသလို လူသားတိုင်းဟာ မိမိရဲ့ဘဝစာမျက်နှာမှာ အများကောင်းကျိုး၊ လောကကောင်းကျိုး မှတ်တမ်းမရှိရင်  အဲဒီလူကို ''လူ့ဗလာ''လို့ သတ်မှတ်ရမှာပါပဲ။

အဲဒီလိုပဲ။  လူဖြစ်ပါလျက်  တိရစ္ဆာန်လို စာနာစိတ် မရှိရင်တော့ ''လူ့မိစ္ဆာ'' သို့မဟုတ် ''လူ့တိရစ္ဆာန်''အဖြစ် သတ်မှတ်ကြရမှာပါပဲ။

ယုံကြည်မှု

ယုံကြည်မှုဆိုရာမှာ ဘာသာရေးဖြစ်စေ၊ နိုင်ငံရေးဖြစ်စေ  တစ်ဖက်စွန်း မရောက်ဖို့တော့ လိုပါတယ်။ 

လူတစ်ယောက်မှာ မျက်လုံးနှစ်လုံး၊ နားနှစ်ဖက်ရှိခြင်းဟာ တစ်ဖက်အမြင်၊ တစ်ဖက်အကြား မဖြစ်စေဖို့ အတွက် ဖန်တီးပေးထားတာပါ။ သူများပြောတိုင်းလည်း ယုံကြည်လို့မရပါဘူး။ ကိုယ်တိုင်လေ့လာ သုံးသပ်ပြီးမှ ကျင့်ကြံရပါမယ်။ အဲဒီလိုမှမဟုတ်ရင် ''သူများယောင်လို့ ယောင်ရတယ်၊   အမောင်တောင်မှန်းမြောက်မှန်းမသိ'' ဆိုတဲ့စကားအတိုင်း ဖြစ်သွားတတ်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က ငါဘုရားဟောတိုင်းလည်း မယုံနဲ့၊ ကိုယ်တိုင်လေ့လာကျင့်ကြံ အားထုတ်ရမယ်လို့ ဆုံးမဟောကြားတော်မူခဲ့ပါတယ်။

စက်ဆုပ်ဖွယ်ကောင်းသော PDFတို့၏လုပ်ရပ်များ

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၂ဝ၁ဝ ပြည့်နှစ်မှစလို့ ပြည်သူတို့လိုလားတောင့်တခဲ့ကြတဲ့ ''ဒီမိုကရေစနစ်'' ကို  စတင်ကျင့်သုံးခဲ့ပါတယ်။  ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့အတွက်     ဖွဲ့စည်းပုံအခြေခံဥပဒေကို အချိန်များစွာ ရေးဆွဲပြီး ပြည်သူသို့ချပြခဲ့ပါတယ်။

ပြည်သူတို့ရဲ့ သဘောတူညီချက်အရ   ''နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ပါအတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်ခဲ့ကြတာ ၁ဝ စုနှစ်တစ်ခုပါပဲ။  တတိယအစိုးရ ဖြစ်ပေါ်လာရေးအတွက် ၂ဝ၂ဝ  ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပခဲ့ရာမှာ NLD   အစိုးရဟာအာဏာကို အလွဲသုံးစားပြုပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ရယူဖို့  ကြိုးစားခဲ့တယ်ဆိုတာ မြန်မာပြည်သူတွေသာမက ကမ္ဘာသိဖြစ်ပါတယ်။ ဥပဒေရဲ့အထက်မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမှ မရှိရပါဘူး။ ဥပဒေကိုလိုက်နာရပါမယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော် အာဏာကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ  ထိန်းသိမ်းလိုက်ရပါတယ်။

မဲမသမာမှုတွေကိုချပြလိုက်တော့ NLD  ပါတီဟာ သူခိုးလူမိဆိုသလို    ရှက်ရမ်းရမ်း ပါတော့တယ်။ တပ်မတော်က အာဏာထိန်းလိုက်တော့ NLD အစွန်းရောက်တွေဖြစ်တဲ့ CRPH  နဲ့ NUG တို့ဟာ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးဖောက်မယ်ဆိုတဲ့ အကြံနဲ့ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင်၊ အုပ်ချုပ်မှုယန္တရား ရပ်တန့်အောင် အမျိုးမျိုးလုပ်ကြရုံသာမက    အခုအခါ ရဟန်းရှင်လူ အပေါင်းတို့ရဲ့ အသက်ကိုပါ ခြိမ်းခြောက်လာပါတော့တယ်။

ယနေ့ကျွန်တော်တို့  မြန်မာနိုင်ငံမှာ PDFဆိုတဲ့ အသံကြားရတဲ့သူတိုင်း စိတ်မချမ်းမြေ့ဖြစ်ကြပြီး ရွံမုန်းနေကြပါတယ်။ PDF ဆိုတာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့  CRPH နဲ့ NUG တို့က မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေး သားကောင်တစ်ဖြစ်လဲ အကြမ်းဖက် သောင်းကျန်းသူတွေပါပဲ။ PDF အဖွဲ့မှာ အသက် ၃၅ နှစ်အောက်  လူငယ် အများစုဖြစ်ပါတယ်။  နိုင်ငံရေးမှိုင်းမိပြီး စာနာစိတ် ကင်းမဲ့နေတာကြောင့် သူတို့တွေရဲ့ လုပ်ရပ်တွေဟာလည်း စက်ဆုပ်ရွံရှာစရာပါပဲ။

ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ရောဂါဆိုးကြီးကို ခုခံကာကွယ်နေချိန်မှာ PDF တွေဟာ Quaratine Centre တွေ၊ ဆေးရုံတွေနဲ့ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်များကို မိုင်းခွဲခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး သယ်ဆောင်လာတဲ့ ယာဉ်တွေကို တိုက်ခိုက်ခြင်း၊  ကာကွယ်ဆေးထိုးနံှရန် သွားရောက်ကြသည့် လမ်းများအပေါ် မိုင်းထောင်ခြင်းစတဲ့ ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ပြုလုပ်လျက်ရှိပါတယ်။  ဒါတွေဟာလူသား မဆန်/စာနာစိတ်မရှိတဲ့ သူတွေရဲ့ လုပ်ရပ်ပါပဲ။

ဒါ့အပြင် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် ချပေးရာမှာ အဓိကကျတဲ့ ဆရာ၊ ဆရာမများနဲ့ ပညာရေး ဝန်ထမ်းတွေကို အကြောင်းမဲ့ လူသားမဆန် သတ်ဖြတ်ခဲ့ကြပါတယ်။ ဆရာ၊ ဆရာမတွေဆိုတာ အနန္တဂိုဏ်းဝင်တွေပါ။ လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး အစဉ်ဦးခိုက်ကြရတာပါ။ မည်သည့်ဘာသာ ကိုးကွယ်သည်ဖြစ်စေ    ကျေးဇူးတရား သိတတ်ပြီး ယဉ်ကျေးမှုရှိသူတိုင်း ကိုယ်စိတ်နှလုံး သုံးပါးနဲ့ မပြစ်မှား ကြပါဘူး။ ဤသို့သော ပုဂ္ဂိုလ်များကို PDF ခေါ် 'လူ့ဗလာ''/ ''လူ့မိစ္ဆာ''တွေက အကြောင်းမဲ့သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်မှုတို့ကြောင့် ဆရာ/ဆရာမများနှင့် ဝန်ထမ်းများသေဆုံး၊ ဒဏ်ရာရခဲ့ကြကြောင်း အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါတယ်-

ဒါ့အပြင် ဗုဒ္ဓသာသနာတော်ကြီးကို စောင့်ရှောက်နေကြတဲ့  ရဟန်း သံဃာတော်တွေကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတာကိုလည်း    တွေ့ရှိရပါတယ်။

ကျွန်တော်တို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အခါမပြတ် ဘုရား၊ တရား၊ သံဃာအားမမေ့မလျော့ဘဲ သရဏဂုံ ဆောက်တည်ကြတဲ့ လူမျိုးတွေပါ။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) အခန်း(၈) ပုဒ်မ ၃၆၁မှာ ''နိုင်ငံတော်သည်   ဗုဒ္ဓဘာသာ သာသနာတော်ကိုနိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်''ဟု သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ငယ်စဉ်ကတည်းက   ရဟန်းသံဃာတော် များရဲ့အဆုံးအမ သြဝါဒဖြင့် ကြီးပြင်းလာခဲ့ကြတဲ့ လူမျိုးပါ။  ဒါ့ကြောင့်လည်း ယနေ့ထေရဝါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံအဖြစ်  ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုထားကြပါတယ်။

ဤသို့  ကမ္ဘာကထေရဝါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံးသော ကျွန်တော်တို့နိုင်ငံမှာ PDF ဟူသော ''လူ့ဗလာ''၊ ''လူ့မိစ္ဆာ''တို့က   ပုထိုးစေတီများကို မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ရဟန်းသံဃာတော်များကို သတ်ဖြတ်ခြင်းတို့ကြောင့် မြန်မာတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိပါးလျက်ရှိပါသည်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ဆိုတာ သုဝဏ္ဏဘူမိ(သထုံ)က အစပျိုးခဲ့ပြီး ပထမမြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်ခဲ့တဲ့ အနော်ရထာရဲ့ ကျေးဇူးတရားကြောင့် ဝေဖြာလာခဲ့ပါတယ်။  ဘိုးဘွားအစဉ်အဆက် ကိုးကွယ်ထိန်းသိမ်းလာခဲ့တဲ့ ဗုဒ္ဓဘာသာသည်ကား လူ့မိစ္ဆာ PDF တို့ကြောင့် ပျက်စီးခံရတော့မည်လား။ ဗုဒ္ဓသာသနာတော်ကြီးဟာ ဘိုးဘွားတို့ လက်ဆင့်ကမ်းပေးခဲ့တဲ့ အမွေပါ။ သားသမီးကျင့်ဝတ်ထဲမှာ မွေခံထိုက်စေဆိုတဲ့ စကားဟာ   ဥစ္စာပစ္စည်းကိုပဲ ရည်ညွှန်းထားတာ မဟုတ်ပါဘူး။  သာသနာ့အမွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ဘိုးဘွားတို့ရဲ့ အမွေကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။

တစ်ချိန်က ဗကပနှင့် ယနေ့ PDF မြန်မာ့သမိုင်းကြောင်းမှာ   သူ့ကျွန်လက်အောက် ကျရောက်စဉ်က ဘာသာခြား တိုင်းတစ်ပါးသားတို့ကြောင့်  သာသနာ မှေးမှိန်ခဲ့ရပါတယ်။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် သောင်းကျန်းမှုကြောင့် ပြည်တွင်းစစ် မီးလျှံတောက်လောင်ခဲ့ရပါတယ်။ အဲဒီအချိန်က ရောင်စုံသူပုန်အင်အားဟာ တပ်မတော်ထက် အဆမတန် များပြားပါတယ်။  ဗကပတွေဟာ ပြည်သူတွေကို ခြိမ်းခြောက်ရုံသာမက ကျေးရွာသူကြီးတွေနဲ့ သူတို့မကြည်ဖြူတဲ့သူတွေ၊ တစ်ချိန်ကသူတို့နဲ့ ရန်ငြိုးရှိသူတွေကို  အစိုးရသတင်းပေးသူ (ယနေ့ခေတ်အခေါ် အရဆိုလျှင် ဒလန်)လို့စွပ်စွဲပြီး  ဓားနဲ့ခုတ်၊ ဝါးကျစ်တုတ်နဲ့ရိုက် စတဲ့ လူသားမဆန် သတ်ဖြတ်ကြပါတယ်။

အချင်းချင်းလည်း    တစ်ယောက်နဲ့တစ်ယောက် ''တော်လှန်ရေး'' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိုး စွပ်စွဲပြီး သတ်ဖြတ်ခဲ့ကြတယ်။ ဒါ့အပြင် အစိုးရစာသင်ကျောင်းတွေကို မီးရှို့၊ ဆရာ/ဆရာမတွေကို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ရွာကနေ နှင်ထုတ်ကြတယ်။

အစွန်းရောက်ရုပ်ကြမ်း ဝါဒဖြစ်တဲ့အတွက် အဖေကို သားကသတ်၊    တစ်အူထုံဆင်း အချင်းချင်းလည်း သတ်ဖြတ်ကြတယ်။ နောက်ဆုံး ဗုဒ္ဓဘာသာမြန်မာ လူမျိုးတို့အထွတ်အမြတ်ထားကြတဲ့  ရွှေတိဂုံစေတီကို မျက်စောင်းထိုးလာပြီး  ကပ်လှူထားတဲ့ရွှေတွေကို ခွာဖို့တောင် ကြံစည်ကြပါသေးတယ်။ ဒါက သမိုင်းမှာ အထင်က ရရှိပါတယ်။ ''သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့''၊ ''ဇင်-ချစ်နောက်ဆုံးနေ့'' စာအုပ်တွေကို ဖတ်ကြည့်ပါ။  ယနေ့ PDF တွေရဲ့ လုပ်ရပ်တွေဟာ တစ်ချိန်က ဗကပတွေလိုပါပဲ။ ရက်စက်မှုအပေါင်း သရဖူဆောင်းနေကြပါတယ်။   တပ်မတော်နဲ့ပြည်သူ လက်တွဲပြီး ဗကပတွေကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့လို့ ဗကပတွေရဲ့နိဂုံးမလှမပ ကျဆုံးခဲ့တော့တာပါပဲ။

ဗကပနဲ့ယနေ့  PDF ကွာခြားမှု တစ်ခုတော့ရှိတယ်။

ဗကပမှာ ခိုင်မာတဲ့ နိုင်ငံရေးယုံကြည်ချက်ရှိတယ်။ 

ယနေ့ခေတ် PDF တွေမှာတော့  ခိုင်မာတဲ့ နိုင်ငံရေး ယုံကြည်ချက်မရှိပါဘူး။ အခုလို PDF တွေမိုက်တွင်းနက် နေတာဟာ သူ့ဆန်စားလို့ ရဲနေကြတာပါ။ ဆိုလိုတာက PDF တွေရဲ့ နောက်ကွယ်မှာ မိစ္ဆာဂိုဏ်းတော့ ရှိရမည်။

PDF တွေကလည်း ''အစားချောင်လို့ အသားရောင် ပြောင်းတယ်''ဆိုတဲ့ စကားအတိုင်း မထူးဇာတ်ခင်းပြီး မိုက်တွင်းနက်နိုင်သမျှ နက်နိုင်ဖို့  မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး လူစိတ်ပျောက်ကာ အကြမ်းဖက်နေကြကြောင်း လေ့လာတွေ့ရှိရပါတယ်။ ယနေ့ PDF တွေရဲ့လုပ်ရပ်ဟာ သခင်ကြည်ဖြူအောင်  ဟောင်နေတဲ့ခွေးတွေလိုပါပဲ။

ဇာတ်ပေါင်းလိုက်သော်

ဒါ့ကြောင့်  NUG နဲ့ CRPH တို့ရဲ့  စေညွှန်ရာအတိုင်း အကြမ်းဖက်လုပ်နေကြတဲ့ PDF တို့ကို ကျွန်တော်တို့ပြည်သူအားလုံးက  နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး   ဖော်ထုတ် တိုက်ဖျက်ရမှာဖြစ်ပါတယ်။

အကြမ်းဖက်မှုကို တွေ့မြင်ကြားသိနေရပါလျက် လျစ်လျူရှုနေခြင်းဟာ အဲဒီအကြမ်းဖက်မှုကို အားပေးအားမြှောက် ပြုရာရောက်ပါတယ်။ ကိုယ်တိုင်ပူးပေါင်းပါဝင်  တားဆီး/ဖော်ထုတ်/ တိုက်ဖျက်ခြင်းဟာ နိုင်ငံတော် တည်ငြိမ်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးနဲ့   အနာဂတ်နိုင်ငံတော် အရေး  ကမ္ပည်း ရေးထိုးနေခြင်းသာဖြစ်ပါတယ်။   အနန္တဂိုဏ်းဝင်ဖြစ်တဲ့   ရဟန်းသံဃာတော်များနှင့် ဆရာ၊ဆရာမများကို သတ်ဖြတ်နေသည့်  PDF သည်ကား ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ထဲက  သောနုတ္တရမုဆိုးနှင့် အလားတူပါတယ်။

ဒါ့ကြောင့် ယနေ့နိုင်ငံတော်အတွင်း လူသားမဆန် စာနာမှုကင်းမဲ့တဲ့ အကြမ်းဖက် လုပ်ရပ်များကို ဇာတ်ပေါင်းလိုက်သော်  နိုင်ငံတော်အာဏာကို မတရား ရယူလိုသူ NUG ၊ စေခိုင်းသူက CRPH  ၊ အကြမ်းဖက်သူမိစ္ဆာ PDF တို့သာဖြစ်ပါကြောင်းနှင့် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းတိုက်ဖျက်ရမည်ဖြစ်ပါကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။   ။