ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး

စောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ  ၂၀ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့်  သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျ လက်ခံ၍  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်  အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များ  ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့် ကြည့်ရမည့်သူ အမျိုးသား ၉၅ ဦးနှင့် အမျိုးသမီး ၈၃ ဦး၊ စုစုပေါင်း ၁၇၈ ဦးတို့ကို လက်ခံထားရှိကြောင်း သိရှိရသည်။

အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက   ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း  သတင်းရရှိသည်။

(၁၀၀)