စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ ရဟန်းသံဃာ ၁ ပါးအား PDF အကြမ်းဖက်အဖွဲ့မှသတ်ဖြတ်၍ အလောင်းအားမီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ ရဟန်းသံဃာ ၁ ပါးအား ဏီၤ အကြမ်းဖက်အဖွဲ့မှသတ်ဖြတ်၍ အလောင်းအားမီးရှို့ဖျက်ဆီး

နေပြည်တော် နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံသည် ရဟန်းသံဃာတော်များ၏ အဆုံးအမသြဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကိုအခြေပြုကာ ယဉ်ကျေးပျူငှာမှု ရှိသည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ရဟန်းသံဃာတော်များ၏ သာသနာ တော်အရေး ကြိုးပမ်းထမ်းဆောင်ခဲ့မှုများကြောင့်  ဗုဒ္ဓဘာသာကိုးကွယ်မှု များပြားသည့်နိုင်ငံများအနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ် ပြုထားရသည့် နိုင်ငံဖြစ်ပါသည်။

ယခုအခါ အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG နှင့် PDF အကြမ်း ဖက်အဖွဲ့များ သည် အပြစ်မဲ့ဝန်ထမ်းများနှင့် ပြည်သူများ ကိုသာမကဘဲ ရဟန်းသံဃာများကိုပင် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုများ လုပ်ဆောင် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ရဟန်းသံဃာ ၁ ပါးအား PDF အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ပြီး အလောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြောင်မြို့နယ်၊ ဘူးကိုင်းကျေးရွာ ဘုန်းကြီးကျောင်း၌ သီတင်းသုံး လျက်ရှိသော ဆရာတော် ဥူးပိတ(ခ) ဦးဘမြင့် (၇၄)နှစ်အား PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်မှ ဒလန်ဟုပြောဆိုကာ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး ဆရာတော်၏ အလောင်းအား  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရဟန်းသံဃာများအပေါ် အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက်လက်ဆောင်ရွက် လျက် ရှိကြောင်း  သတင်းရရှိပါသည်။

(၁၀၀)