အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်ကျန်းမာ ရေးဝန်ထမ်း ၃ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရရှိခဲ့

အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်ကျန်းမာ ရေးဝန်ထမ်း ၃ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရရှိခဲ့

နေပြည်တော်၊ နိုဝင်ဘာ - ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအပြင် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍပေါင်းစုံ တို့ကိုပြန်လည် ကုစားသွားနိုင်ရေးဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်- ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှေ့တန်းကျစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။
ထိုသို့ နိုင်ငံတော်နှင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ဆိုင်ရာများကို အစိုးရ၊ တပ်မတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် မလိုလားသည့် အကြမ်းဖက် အုပ်စုများဖြစ်သော CRPH ၊NUG၊ PDF စသည့်အဖွဲ့အစည်းများက နိုင်ငံ့အကျိုး တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း ၃ ဦးသေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါအတိုင်းတွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များအနေဖြင့်နိုင်ငံ့အကျိုးတာဝန်ထမ်းဆောင်နေသောဝန်ထမ်းကောင်းများကို ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှုများအပေါ်ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါကနီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက် စွာဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည် အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်း ထုတ်ပြန် အပ်ပါသည်။