တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထပ်မံလှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးသန်းအနက် နောက်ဆုံးအသုတ် doses တစ်သန်းရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထပ်မံလှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးသန်းအနက် နောက်ဆုံးအသုတ် doses တစ်သန်းရောက်ရှိ

ရန်ကုန် နို၀င်ဘာ ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး doses သုံးသန်းအနက် နောက်ဆုံးအသုတ် doses တစ်သန်းနှင့် ဆေးထိုးအပ် တစ်သန်းခွဲ တင်ဆောင်လာသော Air China လေယာဉ်သည် ပေကျင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ခံရယူခဲ့သည်။

အဆိုပါ ထပ်မံရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ် ပစ္စည်းများအား ကျန်းမာရေး၀န်ကြီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ လိုအပ် ချက်အလိုက် မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့ လေကြောင်းတို့၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်သည်။