COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း တောင်ငူခရိုင် ကိုယ်စားပြုအားကစား သမားများ စာရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ကြက်ဥ၊ ကြက်သွန်များ ထောက်ပံ့လှူဒါန်း

COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း တောင်ငူခရိုင် ကိုယ်စားပြုအားကစား သမားများ စာရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ကြက်ဥ၊ ကြက်သွန်များ ထောက်ပံ့လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၆    
                                    
COVID-19   ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကိုယ်စားပြုအားကစားသမားများ စာရေးအဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ကြက်ဥ၊ ကြက်သွန်များကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အမယ် ၄ မျိုးနှင့် ကြက်ဥကြက်သွန်များကို ပေးအပ်လှူဒါန်းရာ အားကစားနည်းအလိုက် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ထို့နောက် တောင်ငူခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးသူရိန်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
    
အဆိုပါ တောင်ငူခရိုင် ကိုယ်စားပြုအားကစားသမားများ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် ကြက်ဥ၊ ကြက်သွန်ထောက်ပံ့လှူဒါန်းရာတွင် တောင်ငူခရိုင်ကိုယ်စားပြု အားကစားနည်း ၆ မျိုးမှ အားကစားသမား ၁၇၉ ဦးတို့ကို ဆန် ၄၅ အိတ်၊ ဆီ ၄၅ ပိဿာ၊ ကုလားပဲ ၉၀ ပိဿာ၊ ဆား ၉၀ ပိဿာ၊ ကြက်သွန်နီ ၁၇၉ ပိဿာနှင့် ကြက်ဥ ၁၈၀၀ လုံး တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။