ကရင်ပြည်နယ်အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ- ၁၆
    
COVID-19  ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကရင်ပြည်နယ်အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များ စာရေးအဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များက ဘားအံမြို့၊ နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကရင် ပြည်နယ်အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင် ၁၀၄၇ ဦးအတွက် ဆန် ၁၆၆ အိတ်၊ ဆီ ၂၉၃ ပိဿာ၊ ဆား ၂၅၆ ပိဿာနှင့် ပဲ ၄၃၉ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အလိုက် သတင်အစည်းအရုံးဥက္ကဋ္ဌများနှင့် သက်ကြီးသဘင်အဖွဲ့ကိုယ်စားလှယ် ၁ ဦးတို့က လက်ခံရယူပြီး ကရင်ပြည်နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးထင် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
    
ထို့နောက် တိုင်းမှူးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် သည်။ အဆိုပါ ရိက္ခာအမယ်များအား ကရင်ပြည်နယ်သဘင်အစည်းအရုံးသို့ နယ်မြေခံတပ်မတော်သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။