ပဒန်းချောင်းရေမြင့်တက်ပြီး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မိုးမိတ်မြို့နယ်၊ နမီကျေးရွာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ပဒန်းချောင်းရေမြင့်တက်ပြီး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မိုးမိတ်မြို့နယ်၊ နမီကျေးရွာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ  - ၁၆

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့တွင် ပဒန်းချောင်းရေမြင့်တက်လာပြီး မိုးမိတ်မြို့နယ်၊ နမီကျေးရွာ၏ တောင်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ ပဒန်းချောင်းကူးတံသစ်သားတံတား ရေမျောပါခြင်းနှင့် ကျေးရွာ၏အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တာဘောင်များကျိုးပေါက်ကာ ကျေးရွာအတွင်းသို့ ချောင်းရေ ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ တာဘောင်များမြေဖို့ခြင်း၊ ကျေးရွာ အတွင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။