မန္တလေးမြို့ရှိ သင်ကြားရေးဆေးရုံ(ခုတင်-၃၀၀)၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန္တလေးမြို့ရှိ သင်ကြားရေးဆေးရုံ(ခုတင်-၃၀၀)၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၆
    
COVID-19  ကူးစက်ရောဂါပိုးတွေ့လူနာများထားရှိသည့် မန္တလေးမြို့ရှိ ကန်တော် နဒီဆေးရုံတွင် လူနာများထပ်မံရောက်ရှိလာပါက နေထိုင်ရေးခက်ခဲမှုရှိလာနိုင်သဖြင့် မန္တလေး တိုင်းဒေသကြီးအစိုးရက မန္တလေးမြို့ရှိ သင်ကြားရေးဆေးရုံ(ခုတင်-၃၀၀)ကို ထပ်မံရောက်ရှိ လာပါက လူနာများထားရှိမည့်စင်တာပြုလုပ်ရန်စီစဉ်နေကြောင်း သိရှိရသဖြင့် ဆေးရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေး သည်။
    
ထိုသု့ိဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဆေးရုံဝင်းအတွင်းရှိ ချုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ အမှိုက်သယ်ယာဉ်များဖြင့် စနစ်တကျစွန့်ပစ်ခြင်း စသည့်သန့်ရှင်းရေးလုပ် ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။