တောင်သူများ Mobile Payment စနစ်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ယူနိုင်

တောင်သူများ Mobile Payment စနစ်ဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ယူနိုင်

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ဘဏ်ခွဲ ၂၂ ခု၌ Mobile Payment စနစ်ဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

တောင်သူလယ်သမားများအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများသို့ ကိုယ်တိုင် လာရောက်၍ ချေးငွေထုတ်ယူခြင်းကိုဖြေလျှော့နိုင်ရန်နှင့် မိမိတို့နေထိုင် ရာကျေးရွာများတွင်  ငွေကြေးလွယ်ကူ လျင်မြန်စွာရရှိစေရန် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး  သန်လျင်၊  ခရမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်၊ အိမ်မဲ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာ၊  ချောင်းဦး၊ မြင်းမူမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး  မြိတ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ညောင်လေးပင်၊ ကျောက်တံခါးမြို့နယ်၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ ကျောက်ပန်းတောင်း မြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်၊ ကျိုက် မရောမြို့နယ်၊ ရှမ်းပြည်နယ်  ညောင်ရွှေ၊ လားရှိုးမြို့နယ်၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တို့မှ ဘဏ်ခွဲ ၂၂ ခု၌ Mobile Payment စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါမြို့နယ်ရှိ တောင်သူများအနေ ဖြင့် KBZPay၊ OK Dollar၊ MPT Money၊ Shwe Bank Pay၊ Ongo စသည့် Mobile စနစ်များအသုံးပြု၍ ငွေလွှဲစတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ခင်မောင်တင်