နိုင်ငံတော်အစိုးရတာဝန်ယူမှု ကိုးလမြောက်၏ မှတ်တိုင်များ

နိုင်ငံတော်အစိုးရတာဝန်ယူမှု ကိုးလမြောက်၏ မှတ်တိုင်များ

ဆောင်းဦးကာလ အရှေ့မိုးကုတ်စက် ဝိုင်းထက်ဝယ် ရောင်နီတို့ထွန်းစပြုလာသည်။   အရုဏ်ဦးသည် တည်ငြိမ်အေးချမ်း ပြီး မျှော်လင့်ချက်အသစ်တို့ဖြင့် တစ်လက်လက် တောက်ပလျက်ရှိသည်။ မိမိတို့နိုင်ငံ၏  ရောင်နီဦးကား စစ်မှန်ပြီးစည်းကမ်း ပြည့်ဝ သည့် တိုင်းရင်းသားလူမျိုးအားလုံး ပါဝင်နိုင်သော ဒီမိုကရေစီပန်းတိုင်ပင်ဖြစ်သည်။   မည်မျှမှောင်မိုက်သည့် လမိုက်ညပင်ဖြစ်လိမ့်ဦးတော့ ရောင်နီဖြာလျှင် လင်းရပေမည်။

မဲမသမာမှု၏ နောက်ဆက်တွဲအကျိုးဆက်  ပြည်တွင်းဆန္ဒပြပွဲများမှသည် အကြမ်းဖက် လူသတ်ကြသည်အထိပြောင်းလဲ လာသည့် နိုင်ငံရေးမသမာမှုများကို အစိုးရ နှင့်အတူ ပြည်သူတို့က ပူးပေါင်းဖော်ထုတ်ခဲ့ ကြသဖြင့် အကြမ်းဖက်သူများ၊ အဆွယ်အပွား များနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိပြီး မီးကြွင်းမီးကျန်များကို ဆက်လက် ဖော်ထုတ် ရှင်းလင်းနေရဆဲဖြစ်သည်။ ပြည်သူနှင့် အစိုးရသည် ကမ္ဘာ့ကပ်ရောဂါကို အတူ တကွ  ကာကွယ်တားဆီးခဲ့ကြခြင်း၏ သက်သေအဖြစ်  တတိယလှိုင်းအားပျော့

သွားခဲ့ပြီဖြစ်သည်။ နိုင်ငံတကာဖိအားများ၊ စိန်ခေါ်မှုများအကြားက ပြည်သူများ၏ လူမှုစီးပွားဘဝများကို ရှိသမျှခွန်အား များစိုက်ထုတ်ကာ အစိုးရက ဖော်ဆောင် သည်၊ ပြည်သူက  ပူးပေါင်းပါဝင်သည်။

အောက်တိုဘာလသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည်မှာ (၉)လ ပြည့်မြောက်သည့်လဖြစ်သည်။  နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များစွာ အနက်မှ  အချို့ကို  ကောက်နုတ်၍  အများပြည်သူများ  တစုတစည်း ဖတ်ရှုနိုင် စေရန် တင်ပြရလျှင် -

နိုင်ငံနှင့်ပြည်သူအတွက်   မနေမနား ဆောင်ရွက်ချက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တာဝန် ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့ပြီး စိုက်ပျိုးမွေးမြူရေး၊ သစ်တောပြုန်းတီးမှုမရှိစေရေး၊ အင်းလေး ကန်၏ ရေသယံဇာတ များတိမ်ကောမှုမရှိ စေရေး၊ ပညာရေးနှင့်လူသားအရင်းအမြစ် မွေးထုတ်ပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်ရန် အစီအမံများချထားရေး စသည်တို့ကို ဆွေးနွေးခဲ့ သည်။ အောက်တို ဘာလ ၂ ရက်တွင် တောင်ကြီးမြို့ရှိ ရှမ်းရိုးမမွေးမြူရေးဇုန်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသနှင့် ကိုက်ညီမည့်လုပ်ငန်းများအဖြစ် ဖော်ဆောင်ရေးတို့ကို   လမ်းညွှန်မှာကြားခဲ့သည်။ ထို့အတူ တောင်ကြီးမြို့နယ် ပင်းပက် ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းနှင့်  အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ အစိုးရအဖွဲ့ဝင်များနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး   လိုအပ်ချက်များဖြည့်ဆည်းခြင်းများ ဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ရသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊  တောင်ကြီး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊

မိသားစုများနှင့်တွေ့ဆုံ၍ တပ်မတော် သားများ၏ အဓိကတာဝန်၊ တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်း ကြရမည့်လုပ်ငန်းများ၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တပ်မိသားစုများထံ စားသောက်ဖွယ်ရာများ ပေးအပ်ထောက်ပံ့ သည်။ ခရီးစဉ်အတွင်း တောင်ကြီးမြို့ ရှိ  ရှမ်းပြည်နယ် ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိအား လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓစာပေဆိုင်ရာများကို ကြည့်ရှုလေ့လာ ခြင်းနှင့် ဗုဒ္ဓတက္ကသိုလ်ရှေ့တွင် အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်း မြို့ရှိ တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည် ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသ ဆောင်အား အောက်တိုဘာလ ၂ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အကျိုး ကျေးဇူး  အဖြစ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်း တာဝန်ထမ်းဆောင်နေကြ သည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအတွက် ကင်ဆာ ရောဂါ ကုသမှုတွင် အရေးပါသည့် ဓာတ်ရောင်ခြည် ကုထုံးနှင့် ကင်ဆာခွဲစိတ် ကုသမှုများကို  အဆင့်မြင့်စွာဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲ၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်  သင်တန်းသားအရာရှိကြီးများကို ကလော တပ်နယ်ခန်းမ၌တွေ့ဆုံခဲ့ပြီး တပ်ရင်းမှူး တစ်ဦး၏ တာဝန်ဝတ္တရားများကို သိရှိနား လည်ပြီး အလေ့အကျင့်ကောင်းများ နှင့်အတူ ခေါင်းဆောင်ကောင်းများအဖြစ် တာဝန် ထမ်းရွက်နိုင်စေရေး အလေးထားမှာကြားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် ကလောမြို့ နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းကို အောက်တိုဘာလ ၃ ရက် က ပြုလုပ်ခဲ့သည်။ ယင်းဒေသများအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာမှု လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရေး၊ ကျန်းမာ ရေးကဏ္ဍမြှင့်တင်ရေး၊  စိုက်ပျိုးမွေးမြူရေး

လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး၊ ဒေသထွက်ကုန်များအား နိုင်ငံတကာ ဈေးကွက် အထိတိုးချဲ့တင်ပို့နိုင်ရေး စသည့်ကဏ္ဍအသီးသီးတို့အတွက်   ဆွေးနွေးညှိနှိုင်း ပေးခဲ့ သည်ကို မြင်တွေ့ရမည်ဖြစ်ပြီး အကျိုးရလဒ်ကောင်းများအဖြစ်  ကလော မြို့ကို အခြေပြု၍   ကျောက်မီးသွေး ခေါင်းတွဲဖြင့် မီးရထားခရီးစဉ်ကဲ့သို့သော ပြည်တွင်း ခရီးသွားမြှင့်တင်ရေးအစီအစဉ် များလည်း မကြာမီမြင်တွေ့ရတော့မည်။

ပထမဆုံးသော မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ဖွဲ့စည်း မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်အတွင်း ပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်း များ တာဝန်ခံ စီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်းအကျိုးစီးပွားများအား ကာကွယ် စောင့်ရှောက်ရန်၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများနှိမ်နင်းရန်၊ သတင်းအချက်အလက်များဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင်  တပ်မတော်(ရေ)အား အထောက်အကူပြု ရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာ နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်  တပ်တော်ဝင်အခမ်းအနားကို အောက်တို ဘာလ ၆ ရက်က ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပခဲ့သည်။       

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့်တွေ့ဆုံ၍ ယနေ့ သည် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်သည့်နေ့ဖြစ်ပြီး မိမိတို့ နိုင်ငံနှင့် တပ်မတော်အတွက် သမိုင်းဝင် မော်ကွန်းတင်သည့်နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊

မိမိတို့  ပင်လယ်ပြင်သည်  ဒေသတွင်း မဟာဗျူဟာကျစွာ တည်ရှိနေသည့်အတွက် နိုင်ငံတော်၏ အကျိုးစီးပွားဖော်ဆောင်ရန် အခွင့်အလမ်းနယ်မြေတစ်ခုလည်း ဖြစ်ကြောင်း၊  ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးကဏ္ဍ (Constabulary Role) ၊ လူသားချင်း စာနာမှုအကူအညီပေးရေးကဏ္ဍ (Benign Role))များကို ကမ်းခြေ စောင့်တပ်ဖွဲ့က  အဓိကထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  စသည်ဖြင့် ပြောကြား ခဲ့သည်။

ယင်းနေ့တွင်ပင် နိုင်ငံတော်ဝန်ကြီးချုပ် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်  အကောင်အထည်ဖော်မှုလုပ်ငန်းများကို  သွားရောက် ကြည့်ရှုခဲ့ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သုတေသနလုပ်ငန်းများ အလေး ထားဆောင်ရွက်ကြရန်နှင့် ရေရှည်တည်တံ့ ၍ စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်ပေါ်လာရန်နှင့် ဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီမှုရှိရန်အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ပထမဆုံးမြေအောက်လမ်းကူး လူသွားဥမင် မြန်မာနိုင်ငံ၏ပထမဆုံးသော မြေအောက် လမ်းကူးလူသွားဥမင်ကို အောက်တိုဘာလ ၇ ရက်က နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်မြို့ အတွင်း လူဦးရေတိုးပွားလာမှု၊ ပို့ဆောင် ဆက်သွယ်ရေးယာဉ်များ များပြားလာမှုတို့ ကြောင့် လမ်းဧရိယာကိုတိုးချဲ့ရန် မဖြစ်နိုင် သည့်အခြေအနေတွင် နှစ်ထပ်လမ်းကြောင်းများ၊ မြေအောက်ဥမင်လမ်းကြောင်း များကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သဖြင့် ယခုကဲ့သို့ မြေအောက်ဥမင် ဖွင့်လှစ် နိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ရာတစ်ရပ်ပင်ဖြစ်သည်။     မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ဆောက်ထားခြင်းဖြစ်ပြီး တစ်နာရီလျှင်  လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာ နိုင်မည့် ခေတ်မီလူသွားဥမင်သည် အရှည်  ၄၂၇ ပေ ရှည်လျားပြီး ဝင်ပေါက်လေးခု၊  ရွေ့လျားစက်လှေကား၊ ဓာတ်လှေကားများ တပ်ဆင်ထားကာ ဈေးဆိုင်ခန်း ၁၈ ခန်း ပါဝင်ကြောင်းသိရှိရသည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် အောက်တို ဘာလ ၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့တော် သန့်ရှင်းသာယာလှပရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး၊ အမှိုက် စနစ်တကျစွန့်ပစ်ရေး၊ အခွန်ထမ်းဆောင် ခြင်းနှင့် သမဝါယမစနစ်များ အားကောင်း လာစေရေး၊ သောက်သုံးရေဖူလုံမှုရှိစေရေး စသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ ထို့နောက် အင်းစိန်မြို့နယ်ရှိ   သဲကွန်ကရစ်တုံး ထုတ်လုပ် သည့်စက်ရုံ၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း၊ တာမွေ မြို့နယ် ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံနှင့် ကျိုက္ကဆံကွင်း (အားကစား နှင့်ကာယပညာသိပ္ပံ) တို့ကိုသွားရောက်၍  အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် လိုအပ် ချက်များကို ညှိနှိုင်းအဖြေရှာပေးခဲ့သည်။

ကာကွယ်ဆေးများထုတ်လုပ်နိုင်ရန်ကြိုးပမ်း နိုင်ငံတော်တည်ဆောက်ရာတွင် သံနှင့် သံမဏိထုတ်ကုန်များသည် မရှိမဖြစ် လိုအပ်ပြီး  နိုင်ငံ၌  ကုန်ကြမ်းများရှိ သော်လည်း ပြည်တွင်း၌ လုံလောက်အောင် မထုတ်လုပ်နိုင်သဖြင့် ပြည်ပမှတင်သွင်း နေရခြင်းကို  လျှော့ချနိုင်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ ဆောင်ရွက်မှုများ ကို အားပေးကူညီ ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်သည် အောက်တိုဘာလ ၈ ရက်က  အမှတ်(၃) သံမဏိစက်ရုံ(ရွာမ) ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အတူ နိုင်ငံတော် ဝန်ကြီးချုပ်သည်   အောက်တိုဘာလ ၈  ရက်က စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း၊    ဆေးဝါးစက်ရုံ(အင်းစိန်)၊  ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးစက်ရုံသို့ ရောက်ရှိ၍ အဆင့်မြင့်နည်းပညာများ ဖြင့် ဆေးဝါးထုတ်လုပ်နိုင်မှုလုပ်ငန်းအခြေ အနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများနှင့် ကြိုးပမ်း မှုအခြေအနေ၊ အခြားကာကွယ်ဆေးများ  အနာဂတ်တွင် ထုတ်လုပ်ရန် ရည်မှန်းချက် ထားဆောင်ရွက် ရမည့်အခြေအနေများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ ရန်ကုန်ခရီးစဉ်အတွင်း အောက်တိုဘာ လ ၈ ရက်က  တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း   အမှတ်စဉ်(၈) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်ခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ သည်။ ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်း (တညင်းကုန်း) သို့ သွားရောက်ခဲ့ပြီး ကြက်မွေးမြူရေး၊ နို့စားနွားမွေးမြူရေးအပါအဝင် မွေးမြူရေး လုပ်ငန်းများ၊ ရာသီသီးနှံနှင့် နှစ်ရှည်သီးနှံ ပင်များ စိုက်ပျိုးထားမှုများကို ကြည့်ရှု စစ်ဆေး၍ ရေရှည်အထွက်နှုန်းကောင်း၍  အလေအလွင့်နည်းပါး၊   ကုန်ကျ စရိတ် သက်သာသည့် စက်မှုလယ်ယာစနစ်သို့ အဆင့်လိုက် မဖြစ်မနေကူးပြောင်းရေး အစီအမံများဖြင့်  ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်က နိုင်ငံ တော်ဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ အား တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး၊    မြို့ သာယာ လှပရေး၊ နေထိုင်သူများအားလုံး နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ အမြန်ဆုံး ရရှိအောင်ဆောင်ရွက်ပေးနိုင်ရေး၊ လူတစ်ဦးချင်း၏ အခြေခံလိုအပ်ချက်များကို တွက်ချက်ကာ တိုင်းဒေသကြီးတစ်ခုလုံး ဖူလုံအောင် စီမံဆောင်ရွက်ရေး၊ မြေယာ ပြဿနာများ ဖြေရှင်းပေးနိုင်ရေး၊ ကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစားကွင်းများ၊ အားကစားရုံများ တည်ဆောက်ပေးနိုင် ရေး၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိ ရေး စသည့်အစီအမံများကို ဆွေးနွေးညှိနှိုင်း ပေးခဲ့သည်။

ငွေကြေးနှင့်ဘဏ်စနစ် ခိုင်မာရေးကြိုးပမ်း လျက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်သည်  အောက်တို ဘာလ ၁၅ ရက်က ကျင်းပသည့် နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၆/၂၀၂၁) သို့တက်ရောက်ခဲ့ပြီး နိုင်ငံ တော်အစိုးရ၏ တွန်းအား ပေးဆောင်ရွက် လျက်ရှိသည့်  ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူ ရေး၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ ဈေးကွက်ရှာဖွေရေး၊   ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ကြံဆဆောင်ရွက်ကြစေရေး စသည်ဖြင့် တိုက်တွန်းပြောကြား ခဲ့သည့်အပြင် အောက်တို ဘာလ ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့  အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁)တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရန်အတွက် အစီအမံများ၊ ကုန်ထုတ်လုပ်မှု၊ ကျေးလက်ဖွံ့ဖြိုးမှုတို့အတွက် အစီအမံများနှင့် စီးပွားရေးခိုင်မာစေရေးအတွက် ငွေကြေးတန်ဖိုးနှင့်ဘဏ်စနစ်တို့ကို  တည်ငြိမ်စေဖို့အစီအမံများ စသည်တို့ကို  ထည့်သွင်းအလေးပေးညှိနှိုင်းဆွေးနွေး ခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တည်ထားပူဇော် နေပြည်တော်ရှိ ဗုဒ္ဓဥယျာဉ် တော်တွင် တည်ထားပူဇော်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ရတနာပလ္လင် အပိုင်း(၁) တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်က ကျင်းပခဲ့ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊  ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်   အလှူရှင်များ၊  တာဝန်ရှိ သူများတက်ရောက်၍    တပ်ဆင် ပူဇော်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၂၇ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ ခရီးသွား လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့်  ယဉ်ကျေးမှုဆိုင်ရာနှင့် ပို့ဆောင်ဆက်သွယ် ရေးဆိုင်ရာကိစ္စရပ်များကို    ပူးပေါင်း ဆောင်ရွက်ကြရန်  အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်သည် အောက် တိုဘာလ  ၂၈  ရက်က  ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာသော်လည်း ဆက်လက် စောင့်ကြည့်ရန်လိုအပ်နေသေးကြောင်း၊ အခြေခံစည်းကမ်းများမှစတင်၍ လိုက်နာ ကြရန်လိုအပ်ပြီး ရောဂါကူးစက်ပြန့် ပွားမှုနှင့်ပတ်သက်၍ ရပ်/ကျေးအဆင့်များ မှစ၍ ထူးခြားမှုရှိက သတင်းပေးပို့ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမှုတွင် EAO နယ်မြေများ၊ နယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသများအားလုံး အကွက်စေ့စွာ ထိုးနှံ ပေးနိုင်ရန်နှင့် အသိပညာပေး ခြင်းများကို ထိရောက်စွာလုပ်ကိုင်ရန် လိုအပ်ကြောင်း ထည့်သွင်းမှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  အောက်တိုဘာလ ၂၉ ရက်က ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား  ရုရှားစစ်ရေယာဉ်  Gremyashiy ပေါ်၌  လက်ခံတွေ့ဆုံသည်။ ရုရှားစစ်ရေယာဉ်   Gremyashiy ပေါ်၌ ရုရှားစစ်ရေယာဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်တေး သီချင်းဖြင့် ဂုဏ်ပြုကြိုဆိုအလေးပြုခြင်းကို ခံယူခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ရေတပ်ဦးစီးချုပ်ဦးဆောင်သည့် အဖွဲ့ဝင်များ

အား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုများကို   ပိုမိုခိုင်မြဲစေနိုင်သည့်အတွက် ချစ်ကြည်ရေးခရီးစဉ်များ  အပြန် အလှန် စေလွှတ်ပေးနိုင်မည့်အခြေအနေနှင့်  ရေကြောင်းလုံခြုံမှုဆိုင်ရာ နည်းပညာနှင့် သတင်းအချက်အလက်များ ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။  

 

ဆက်လက်ဖော်ပြပါမည်။