မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ပေး

မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ပေး

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေပေးအပ်ပွဲကို စက်တင်ဘာ ၁၅ ရက်တွင် ဥယျာဉ်မကျေးရွာနှင့် ကန်နက်ကျေးရွာတို့၌ ကျင်းပသည်။ ရန်ပုံငွေများကို မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စုစုမာနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာကော်မတီဝင်များနှင့်အတူ ဥယျာဉ်မကျေးရွာတွင် စိုက်ပျိုးရေး လုပ်ကိုင်သူ ၁၂ ဦးအား ငွေကျပ် ၆၇၀၀၀၀၀၊ မွေးမြူရေးလုပ်ကိုင်သူ ၅၆ ဦးအား ငွေကျပ် ၃၁၅၅၀၀၀၀ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးအား ငွေကျပ် ၅၀၀၀၀၀၊ အရောင်းအဝယ် လုပ်ကိုင်သူသုံးဦးအား ငွေကျပ် ၁၇၅၀၀၀၀ နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ရှစ်ဦးအားငွေကျပ် ၆၃၀၀၀၀၀ စုစုပေါင်းအသင်းဝင် ၈၀ ဦးအတွက် ငွေကျပ် ၄၆၈၀၀၀၀၀ နှင့် ကန်နက်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ လေးဦးအား ငွေကျပ် ၄၁၀၀၀၀၀၊ မွေးမြူရေးလုပ်ကိုင်သူ ၃၈ ဦးအား ငွေကျပ် ၂၉၂၅၀၀၀၀၊ အရောင်းအဝယ် လုပ်ကိုင်သူ ကိုးဦးအား ငွေကျပ် ၆၄၅၀၀၀၀ နှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးအား ငွေကျပ် ၃၅၀၀၀၀ စုစုပေါင်းအသင်းဝင် ၅၂ ဦးတို့အတွက် ငွေကျပ် ၄၀၁၀၀၀၀၀ ကို ထုတ်ချေးပေးသည်။

အဆိုပါ ရန်ပုံငွေများကို မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။

ဇော်မင်းဌေး