Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး

Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာ၌ Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ Cash For Work စီမံကိန်းမှ ကျေးရွာတစ်ရွာလျှင်ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၀၀ စီဖြင့် အိုးဘိုကျေးရွာ၌ စာသင်ကျောင်းခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းနှင့်  ကျေးရွာအတွင်း ရေမြောင်းတူးခြင်းလုပ်ငန်း၊ ရွာသစ်ကျေးရွာ၌ ကျေးရွာအတွင်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ ရေသာကျေးရွာ၌ ကျေးရွာအဝင်လမ်းဂျင်းခင်းခြင်း လုပ်ငန်းနှင့် စာသင် ကျောင်းခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ ဆည်ကြီးကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်း ပြုပြင်ခြင်း လုပ်ငန်း၊ မယင်းကျေးရွာ၌ ကျေးရွာအတွင်း ဂျင်းလမ်းခင်းခြင်းနှင့် ရေမြောင်းတူးခြင်း လုပ်ငန်း၊ ရွာသာကျေးရွာ၌ကျေးရွာအတွင်း ရေမြောင်းတူးခြင်း၊ ရေကန်အဝင်လမ်း ပြုပြင်ခြင်းနှင့် စာသင်ကျောင်းဝင်းအတွင်း မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)