ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းလျော့ကျလာသည့် မြို့နယ်အချို့ရှိ ယာယီပိတ်ထားရ သည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းလျော့ကျလာသည့် မြို့နယ်အချို့ရှိ ယာယီပိတ်ထားရ သည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာ - ၃၀

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်(၄၆)မြို့နယ်မှအပ ကျန်မြို့နယ်များအားလုံးမှ အခြေခံ ပညာဉီးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာ ၁ ရက်နေ့တွင် တည်ငြိမ်အေးချမ်းစွာ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားသော မြို့နယ် (၄၆)မြို့နယ် အနက်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟိုပုန်းမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်း မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်စန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှို့မြို့နယ်၊ နောင်ချို မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မဘိမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ် တို့သည် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း သတ်မှတ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာသည့် အတွက် ယင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)အား ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ် လျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ချမ်းမြေ့စွာ ပညာသင် ကြားလျက်ရှိကြောင်း သတင်းရရှိသည်။